အမျိုးသားတွေအနေနဲ့ ဖက်ရှင်ပိုင်းဆိုင်ရာမှာ စိတ်ဝင်စားမှုအားနည်းတတ်ကြတယ်ဆိုတာ ဒဏ္ဍာရီတစ်ပုဒ်လိုပါပဲ။ ယနေ့ခေတ်မှာ အမျိုးသမီးများနဲ့တန်းတူ ဖက်ရှင်ကိုစိတ်ဝင်စားလာကြတယ်လို့ စစ်တမ်းကောက်ချက်များအရ သိရှိရပါတယ်။

အခုလို ဖက်ရှင်ရေစီးကြောင်းအားကောင်းနေချိန်မှာ သပ်သပ်ရပ်ရပ် ကျကျနနနဲ့ အထာကျနေစေဖို့ဆိုရင် ဆောင်ရန်ရှောင်ရန်လေးတွေ သိထားဖို့လိုမယ်နော်။ ကဲဒီတော့ ဖက်ရှင်နဲ့ပတ်သတ်ရင် ဘယ်လိုအချက်လေးတွေ ရှောင်ရမယ်ဆိုတာကို အခုပဲ လေ့လာကြည့်လိုက်ရအောင်ပါ။

(၁) Formal ကျကျဝတ်ရမယ့်နေရာမှာ ကျောပိုးအိတ်မလွယ်သင့်ပါ

အနောက်တိုင်းဝတ်စုံပြည့်ဝတ်ပြီး Formal ကျကျ သွားရမယ့်နေရာမျိုးကို ကျောပိုးအိတ်လွယ်သွားခြင်းက မလေးနက်ရာ ရောက်စေပြီး သင့်အပေါ် အနည်းငယ် Impression ကျစေနိုင်ပါတယ်။ ကျောပိုးအိတ်အစား Laptop အိတ်လိုမျိုးကိုသာ ရွေးချယ်ပေးပါ။

(၂) နက်ခ်တိုင်ကို တိုနန့်နန့်မဝတ်သင့်ပါ

ဒီအချက်က လူသိများသလို သတိလက်လွတ်အမှားများဆုံး အချက်လည်း ဖြစ်ပါတယ်။ နက်ခ်တိုင်ကို တိုနန့်နန့်ဝတ်ခြင်းက သင့်ရဲ့ Outfit တစ်ခုလုံးကို ပေါ့ပျက်ပျက်ဖြစ်စေပါတယ်။ နက်ခ်တိုင်တစ်ခုရဲ့ ရှိသင့်တဲ့အရှည်ဟာ သင့်ရဲ့ခါးပတ်ခေါင်းဖုံးတဲ့အထိ ဖြစ်ပါတယ်။

(၃) နေကာမျက်မှန်ကို ခေါင်းပေါ်မတင်ထားသင့်ပါ

နေကာမျက်မှန်ကို ခေါင်းပေါ်တင်ထားခြင်းဟာ ရုတ်တရက်ဆို အထာကျကျ ပုံစံဖြစ်တယ်လို့ ထင်ရစေပေမယ့် တကယ်တော့ သင့်ရဲ့ Hairstyle ကို ပုံပျက်စေနိုင်ပါတယ်။ ဒါကြောင့် နေကာမျက်မှန်တပ်တိုင်း အလွယ်တကူ နဖူးပေါ်လှန်တင်မယ့်အစား အင်္ကျီအိတ်ကပ် / Shirt ကော်လာမှာ ချိတ်ထားတာက ပိုအထာကျစေပါတယ်။

(၄) အင်္ကျီလည်ပင်းကြယ်သီးကို ဖြုတ်ထားပေးပါ

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ဖို့ဆိုရင် အင်္ကျီရဲ့အပေါ်ဆုံးကြယ်သီးကို တင်းတင်းစေ့ပိတ်ထားတာမျိုး အထူးရှောင်ကြဥ်ပါ။ ဘာလို့ဆို အူကြောင်ကြောင်နိုင်တယ် အထင်ခံရနိုင်လို့ပါ။ ဒါပေမယ့် ကြယ်သီး၂လုံး၊ ၃လုံးအထိဖြုတ်တာမျိုးလဲ မလုပ်မိပါစေနဲ့။ သင့်ကို ခပ်ပေါ့ပျက်ပျက် မရင့်ကျက်တဲ့ Look မျိုး ဖြစ်စေနိုင်လို့ပါ။

(၅) ဂျင်းဘောင်းဘီအိတ်ကပ်ထဲ စုံစိနေအောင်မထည့်ပါနဲ့

အမျိုးသား အများစုဟာ လက်မှာပစ္စည်းပစ္စယ ကိုင်ထားရတာမျိုးကို စိတ်ရှုပ်တတ်ကြပါတယ်။ အဲ့တော့ရှိသမျှ ကားသော့၊ ဖုန်း၊ Airpod စတာတွေကို လွယ်လင့်တကူ ဘောင်းဘီအိတ်ကပ်ထဲ ထည့်မိတတ်ကြပါတယ်။ ပွယယဘောင်းဘီမျိုးဆို ကိစ္စမရှိပေမဲ့ Fit ဖြစ်တဲ့ ဘောင်းဘီမျိုးနဲ့ဆို ဖုဖုဖောင်းဖောင်းနဲ့ အတော်လေး အမြင်မတင့်ဖြစ်စေတတ်လို့ပါ။

Source : Brightside