ဖက်ရှင်ဆိုတာ အရွယ်မရွေး သူ့ဖက်ရှင်နဲ့သူ လိုက်ဖက်ညီအောင်ဝတ်ဆင်ရပါတယ်။ ဖက်ရှင်အကြိုက်တွေကလည်း အသက်အရွယ် ပြောင်းလာတာနဲ့အမျှ ပြောင်းလဲလာတတ်ပါတယ်။ အသက် ၂၀ မှာကြိုက်တဲ့ ဖက်ရှင်တစ်ခုကို အခု အသက် ၃၀ အရွယ်မှာ သင်ကြိုက်ချင်မှ ကြိုက်တော့မှာဖြစ်ပါတယ်။

အသက် ၃၀ ဆိုတာ အတိုင်းအတာတစ်ခုထိ ဘဝကို ဖြတ်သန်းခဲ့သူပီပီ သင့်လုပ်ငန်းမှာလည်း သင်ဟာ ပိုပြီး တာဝန်ယူမှုရှိရှိ နဲ့ လုပ်ကိုင်နေရပြီလို့ထင်ပါတယ်။

ဒါ့ကြောင့်လည်း ဝတ်စားဆင်ယင်မှုက အရေးပါပါတယ်။ သင့်အသက်အရွယ်နဲ့ လိုက်ဖက်ညီမယ့် ဖက်ရှင်တွေကို မျှဝေေးချင်ပါတယ်။

၁။ ရှပ်အင်္ကျ ီများ

ရိုးရိုးရှင်းရှင်း တီရှပ်အင်္ကျ ီတွေကို ဝတ်ဆင်သင့်ပါတယ်။ အရုပ်လေးတွေပါတဲ့ တီရှပ်အင်္ကျ ီ ထက် ရိုးရိုးရှင်းရှင်း ရှပ်အင်္ကျ ီကို ဝတ်ဆင်သင့်ပါတယ်။

၂။ Crop Top များ

အပေါ် Crop Top အင်္ကျ ီ လေးတွေလည်း သင့်ဆီမှာ ရှိသင့်ပါတယ်။ သင့်ကို ပိုပြီးစတိုင်လ်ကျစေမှာပါ။ ရုံးသွားရင်တော့ အဲဒီအပေါ်ကနေ ကုတ်လေးတစ်ထပ်လောက် ထပ်ဝတ်သွားလိုက်ပါ။

၃။ မီနီ စကတ်များ

မီနီစကတ် လေးတွေကလည်း သင့်ကို စမတ်ကျစေမှာဖြစ်သလို သင့် အသက် ၃၀ ဆိုတဲ့အရွယ်နဲ့လည်း လိုက်ဖက်ပါတယ်။

၄။ Hot Pant ဘောင်းဘီများ

ရုံးမှာမဟုတ်ဘဲ သင့်သူငယ်ချင်းတွေနဲ့ အပြင်တွေမှာ သွားဒိတ်တဲ့အခါ ဒီလို ဘောင်းဘီမျိုးတွေ ဝတ်ဆင်ပေးနိုင်ပါတယ်။ လူငယ်အသွင်လည်းဖြစ်စေသလို သင့်ကိုလည်း စမတ်ကျ လာပစေမှာပါ။

၅။ Jeans ဘောင်းဘီများ

Jean ဖက်ရှင်ကလည်း အသက်အရွယ်မရွေးလိုက်ဖက်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဒါပေမယ့် Skinny Jean ထက် Low-rise Jeans တွေကို ရွေးချယ်သင့်ပါတယ်။

၆။ Dress များ

သင့်ကို ငယ်ရွယ်နုပျိုတဲ့အသွင်ရော တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ပါ ခံစားရရှိစေတဲ့ Dress ဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်သင့်ပါတယ်။

၇။ Jumpsuit များ

Jumpsuit လေးတွေကလည်း သင့်ကို ပိုပြီး မိန်းကလေးဆန်စေသလို ဖက်ရှင်ကျစေပါတယ်။

၈။ Legging ဘောင်းဘီများ

Legging ဘောင်းဘီတွေကလည်း သင့်ရဲ့ ခန္ဓာကိုယ် အချိုးအစားကို ပေါ်လွင်စေသလို ဖက်ရှင်လည်းကျစေမှာဖြစ်ပါတယ်။

၉။ Sneaker ဖိနပ်များ

Platform Sneaker ဖိနပ်လေးတွေက သင့်ကို ဖက်ရှင်ကျစေမှာဖြစ်သလို ပိုပြီးလည်း လှပစေမှာပါ။

၁၀။ လက်ဝတ်ရတနာတွေ

အသက် ၃၀ ဆိုတာနဲ့ အညီ သင့်ရဲ့လက်ဝတ်ရတနာတွေက ရိုးရိုးရှင်းရှင်းပုံမျိုးကို ရွေးချယ်သင့်ပါတယ်။