ဘောင်းဘီရှည် တစ်ထည်ဝယ်ပြီးတာနဲ့ ကိုယ့်မှာ ရှိတဲ့ ဘယ်အင်္ကျီနဲ့ တွဲရင် လှမလဲ စဉ်းစားရတာက အလုပ်တစ်ခုလိုပါပဲ။ သိပ်ခေါင်းမရှုပ်ချင်တဲ့ သူတွေကတော့ ဘောင်းဘီနဲ့အတူ တစ်ခါတည်း တွဲနိုင်မယ့် အင်္ကျီကို ဝယ်တတ်ကြပါတယ်။ ဘောင်းဘီ၊ အင်္ကျီအပြင် စတိုင်ကျဖို့ ထပ်လိုတာက ဖိနပ်၊ ဦးထုပ်၊ Accessories စတာတွေက တွဲလျက် ပါလာတတ်ပါတယ်။ ဒီတစ်ခေါက် ဖော်ပြမယ့် အကြောင်းအရာမှာတော့ ဘာမှစဉ်းစားစရာမလိုတော့ဘဲ တစ်ခါတည်း အပြီး ဘောင်းဘီ၊ အင်္ကျီ၊ ဖက်ရှင် Accessories တွဲပြီးသားတွေကို ဖော်ပြပါရစေ။ ဒီစတိုင်တွေက ပေါ့ပေါ့ပါးပါး ရှိကာ စတိုင်ကျတာမို့ သင့်အနေနဲ့ မဝယ်ဖြစ်သေးရင်တောင် ဖက်ရှင် ဗဟုသုတအနေနဲ့ မှတ်ထားသင့်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ရာသီဥတု အေးစိမ့်စိမ့် ဖြစ်နေတဲ့အချိန် ဝတ်နိုင်မယ့် စတိုင် ဖြစ်ပါတယ်။ အရောင် ငြိမ်ငြိမ်လေးနဲ့ သိပ်ထင်းမနေတဲ့ စတိုင်မျိုး သဘောကျတဲ့ ပျိုမေတို့နဲ့ အံကိုက်ပါပဲ။

နွေရာသီမှာ ပေါ့ပေါ့ပါးပါး ဂါဝန်လေးနဲ့ လှချင်တဲ့ ပျိုမေတို့ ရွေးသင့်တဲ့ စတိုင် ဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန် တီရှပ်စတိုင်ကို သဘောကျတဲ့ ပျိုမေတို့ မှတ်ထားသင့်တဲ့ အတွဲအစပ်

Summer Outfit စတိုင်ဖြစ်ကာ အစိမ်းရောင်က နွေရာသီနဲ့ လိုက်ဖက်လှပါတယ်။

သိပ်စဉ်းစားစရာမလိုတဲ့ Outfit စတိုင် ဖြစ်ကာ ပျိုမေအများစု နှစ်သက်မယ့် စတိုင် ဖြစ်ပါတယ်။

ဟိုနား ဒီနား ပေါ့ပေါ့ပါးပါး သွားတဲ့အခါ ဝတ်နိုင်မယ့် စတိုင် အိုင်ဒီယာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့၊ ချစ်သူနဲ့ Picnic Date တဲ့အချိန် ဝတ်နိုင်ပြီး ဓာတ်ပုံထဲ လှမယ့် ဖက်ရှင် ဖြစ်ပါတယ်။

လူငယ်ဆန်တဲ့ စတိုင်ကို နှစ်သက်ပြီး Cute Type Face ပိုင်ရှင်လေးတွေနဲ့ အဆင်ပြေမယ့် စတိုင်ဖြစ်ပါတယ်။

ဂါဝန် အပွင့် အရောင်နဲ့ ဆင်တူတဲ့ အပြင်ထပ် အရောင် အင်္ကျီကို ရွေးချယ်ကာ ချစ်စရာကောင်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲနိုင်ပါတယ်။

ရိုးရိုးဂါဝန်လေးအတွက် ထပ်လိုတာကတော့ အပြင် Accessories တွေပါ။

စတိုင်ကျမယ့် အပြင် ရာသီဥတုပူပူနဲ့ အင်မတန် အဆင်ပြေမယ့် စတိုင်ဖြစ်ပါတယ်။

သင်က ဒီနေရာအထိ ကြည့်လာပြီးပြီဆိုရင်တော့ လိုအပ်တဲ့ အိတ်ကလေးတွေကိုပါ သိလောက်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar