မိုးတွင်းမှာတော့ ဘောင်းဘီရှည်ဝတ်တာထက်စာရင် ဘောင်းဘီတိုဝတ်တာက ပိုကောင်းမယ်လို့ထင်ပါတယ်။ ဘောင်းဘီရှည်ဆိုရင် မိုးစိုတာနဲ့ အဆင်မပြေဘူးလေ။ ဘောင်းဘီတိုဆိုတော့ မိုးရေစိုလည်း အသားကိုစိုတာဖြစ်တဲ့အတွက် သုတ်လိုက်ရင် ခြောက်သွားတဲ့အတွက် အဆင်ပြေစေပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ဘောင်းဘီတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်တဲ့ အင်္ကျီဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘောင်းဘီတိုလေးတွေကိုဝတ်တဲ့အခါမှာ ကိုယ်ကြိုက်နှစ်သက်ရာ အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီလိုဖက်ရှင်မျိုးက မိုးရာသီနဲ့လည်း လိုက်ဖက်သလို ပေါ့ပေါ့ပါးပါးလည်း ဖြစ်စေပါတယ်။

Hoodie အင်္ကျီဖြစ်ဖြစ်၊ ခေါင်းစွပ်အင်္ကျီအထူလေးတွေဖြစ်ဖြစ် ဘောင်းဘီတိုနဲ့ တွဲဝတ်ရင် အရမ်းဖက်ရှင်ကျပါတယ်။ မိုးရာသီနဲ့အလိုက်ဖက်ဆုံးဖက်ရှင်လို့တောင် ပြောရမှာပါ။

ဘောင်းဘီတိုလေးတွေကို ကြိုးတစ်လုံးအင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပြီး အပေါ်ကနေ ရှပ်အင်္ကျီလက်ရှည်တွေ ထပ်ဝတ်တာကလည်း မိုးရာသီနဲ့ လိုက်ဖက်တဲ့ဖက်ရှင်လေးပါ။ မိုးသိပ်မရွာတဲ့နေ့တွေမှာ ဒီလိုဖက်ရှင်မျိုးကို ရွေးချယ်သင့်ပါတယ်။

မိုးရွာနေပေမယ့်လည်း လက်ရှည်မဝတ်ချင်ဘူး။ ပေါ့ပေါ့ပါးပါးလေးပဲဝတ်ချင်တယ်ဆိုရင်တော့ ဘောင်းဘီတိုလေးတွေကို ရိုးရိုး Tee လေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

လူကြိုက်များတဲ့ Flannel ဖက်ရှင်လေးကိုလည်း မိုးရာသီမှာ ဝတ်ဆင်နိုင်ပါတယ်။ ဘောင်းဘီတိုနဲ့ Flannel အင်္ကျီတွေကို တွဲဝတ်လို့လည်းရသလို၊ အောက်ကနေ Tee လေးတွေ၊ ကြိုးတစ်လုံးလေးတွေဝတ်ပြီးမှ အပေါ်ကနေ Flannel ကို ထပ်ဝတ်လို့လည်း ရပါတယ်။

Photo Source: www.pinterest.com