အလုပ်ဝင်နေသူတွေအတွက် တစ်ပတ်မှာ အနည်းဆုံး ၅ ရက်လောက်က ရုံးသွားရုံးပြန်ဖက်ရှင်နဲ့ Formal ဖြစ်အောင် ဝတ်ရပါတယ်။ အမျိုးသားအများစုဟာ လွတ်လပ်ပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားမျိုးကို ဝတ်ရတာ ကြိုက်ကြပါတယ်။ ဒါကြောင့် အလုပ်မသွား ကျောင်းမတက်ရတဲ့ရက်တွေမှာ အခုပြောမယ့် ဖက်ရှင်စတိုင်လေးတွေ ဝတ်ဖို့ အကြံပြုချင်ပါတယ်။

(၁) ဘောင်းဘီတိုနဲ့ တီရှပ်

Photo: Pinterest

အားလပ်ရက်ရလို့ အပန်းဖြေခရီးလေး ဘာလေးထွက်ရင် တီရှပ်လေးနဲ့ ဘောင်းဘီတိုတစ်ထည်ပါရင် အားလပ်ရက်ခရီးက ပိုပြီး ပြည့်စုံတယ် ခံစားရမှာပါ။ ဘောင်းဘီတိုနဲ့ တီရှပ်ဟာ ဝတ်ရတာ လွယ်ကူပေါ့ပါးသလို ဖက်ရှင်ပုံစံလည်း တစ်မျိုးစတိုင်ကျသွားစေမှာပါ။

(၂) ဂျာကင်နဲ့ Jeans Pant

Photo: Pinterest

Jeans တွေဟာ ဈေးသက်သာပြီး Free Style သမားတွေ အကြိုက် ဖက်ရှင်ထဲမှာ ပါဝင်ပါတယ်။ Jeans ဝတ်မယ်ဆိုရင် သိပ်ပြီး ကိုယ့်အဝတ်အစားကို Care လုပ်စရာမလိုတာကလည်း အမျိုးသားတွေ နှစ်သက်ကြတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ရာသီဥတုခပ်အေးအေးအချိန်မျိုး အပြင်ထွက်မယ်ဆိုရင် Jeans ဘောင်းဘီ ၊ တီရှပ်တစ်ထည်နဲ့ Jacket လေးတစ်ထည်ကောက်ဝတ်သွားရင် မှန်ထဲမှာ နောက်တစ်ခါ ပြန်ကြည့်စရာမလိုအောင် အဆင်ပြေသွားမှာပါ။

(၃) ဖလန်နယ်ရှပ်

Photo: Pinterest

ဖလန်နယ်ရှပ်တွေက အကြမ်းခံပြီး ဆွဲဆောင်မှု ရှိပါတယ်။ သူချည်း သက်သက်ဝတ်လို့ရသလို အပေါ်ကနေ ထပ်ပြီး ဝတ်ရတဲ့ Layering ဖက်ရှင်အဖြစ်လည်း သုံးနိုင်ပါတယ်။ Casual စတိုင် ပေါ့ပေါ့ပါးပါး ပိုဖြစ်စေဖို့ Sneaker ဒါမှမဟုတ် Loafer တစ်မျိုးမျိုးနဲ့ တွဲစီးသင့်ပါတယ်။