အရပ်ပုပြီးသေးတဲ့ မိန်းကလေးတွေအတွက် အရပ်ပိုရှည်ပြီး body သွယ်သလိုဖြစ်သွားစေမယ့် ဖက်ရှင်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

တီရှပ်နဲ့ဘောင်းဘီအပွကို တွဲဝတ်မယ်ဆိုရင် တီရှပ်ကို ဘောင်းဘီထဲထည့်ဝတ်ပြီး ဘောင်းဘီကို ခါးအထက်ထိရောက်အောင် ဆွဲတင်ဝတ်တာက အရပ်ပိုရှည်သလို ဖြစ်စေပါတယ်။

တီရှပ်နဲ့ ဂျင်းဘောင်းဘီတွဲဝတ်မယ်ဆိုလည်း ဒီလိုပါပဲ။ ဘောင်းဘီထဲထည့်ဝတ်တာက အရပ်ပိုရှည်သလိုဖြစ်ပြီး body လည်း ပိုသွယ်စေပါတယ်။

အရပ်ပုပြီးသေတဲ့သူတွေက ကြိုးတစ်လုံးအင်္ကျီ ခါးအရှည်တွေနဲ့ မလိုက်ပါဘူး။ ဗိုက်ပေါ်တာလေးတွေနဲ့မှ ပိုလိုက်ပါတယ်။ ကြိုးတစ်လုံးခါးအရှည်တွေနဲ့ဆို အရပ်ပုတာလည်း ပိုသိသာစေပါတယ်။

ဖိနပ်ဆိုရင်လည်း အရပ်ပုတဲ့သူတွေအနေနဲ့ အနက်ရောင်၊ အရောင်နဲ့ဒေါက်တွေစီးတာက ဒေါက်စီးထားမှန်းသိသာစေပါတယ်။ ဒါကြောင့် အသားနဲ့တစ်ပြေးတည်းဖြစ်နေမယ့် nude အရောင် ဒေါက်ဖိနပ်ကိုစီးပါ။ အရပ်ပိုရှည်သလို ဖြစ်စေပါတယ်။

ပိုက်ဆံအိတ်လွယ်တဲ့အခါမှာ အရပ်ပုပြီး သေးတဲ့သူတွေက ပုံမှာပြထားသလို ကြိုးအရှည်ကြီးလွယ်ရင် လူကောင်နဲ့မလိုက်သလို၊ အရပ်ပုနေတာကို ကြိုးအရှည်အိတ်ကြီးနဲ့ မလိုက်ဖက်သလို ဖြစ်နေမှာပါ။ ဒါကြောင့် အခုခေတ်စားနေတဲ့ ဒီလို shoulder bag အသေးလေးတွေလွယ်ကြည့်ပါ။ ပိုလိုက်ပါတယ်။

ခုနကလိုပဲ ပိုက်ဆံအိတ်ကို ကြိုးအရှည်ကြီးတွေလွယ်တာ၊ ကြိုးအရှည်ကြီးနဲ့ cross body bag လိုလွယ်တာတွေက အိတ်သေးသေးပိစိလေးတွေပဲ ကောင်းပါတယ်။ Normal size တွေဆို အရပ်ပုတဲ့သူနဲ့ မလိုက်ပါဘူး။ ပုံမှာပြထားသလို shoulder bag အနေနဲ့လွယ်တာက ပိုလိုက်ပါတယ်။

အရပ်ပုပြီးသေးတဲ့သူတွေက ဘောင်းဘီအဖြူကို sneaker အဖြူလေးစီးပြီး ဝတ်မယ်လို့စဉ်းစားထားရင် အင်္ကျီကို ကာလာတွေနဲ့မဝတ်ပါနဲ့။ အဖြူရောင်လေးနဲ့ပဲတွဲဝတ်ပါ။ အရပ်ရှည်သလိုဖြစ်စေပါတယ်။

ဒေါက်ဖိနပ်စီးတဲ့အခါမှာ ကိုယ်ဝတ်ထားတဲ့ ဘောင်းဘီက အနက်ရောင်ဖြစ်နေမယ်ဆိုရင်တော့ ဒေါက်ဖိနပ်ကို ကာလာတွေနဲ့ မစီးပါနဲ့။ အနက်ပဲစီးပါ။ ဖက်ရှင်ကျပြီးပိုလိုက်ဖက်ပါတယ်။ အရပ်ရှည်သလို၊ body သွယ်သလိုလည်း ပိုဖြစ်စေပါတယ်။

အရပ်ပုတဲ့သူတွေက sneakers စီးမယ်ဆိုရင် ပထမပုံထဲကလို sneakers တွေ မစီးပါနဲ့။ ခြေထောက်ပိုတိုသွားသလိုဖြစ်ပြီး အရပ်ပုတာပိုသိသာစေပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို sneakers လေးပဲစီးပါ။

Boots စီးမယ်ဆိုရင်လည်း အရပ်ပုတဲ့သူတွေက ပထမပုံထဲကလို boots တွေမစီးပါနဲ့။ ဒုတိယပုံထဲကလို ankle boots ဒေါက်လေးတွေနဲ့စီးပါ။ ပိုလိုက်ဖက်ပါတယ်။ အရပ်ရှည်သလိုဖြစ်စေပြီး body လည်းသွယ်စေပါတယ်။

အရပ်ပုပြီးသေးတဲ့သူတွေက စကပ်ဝတ်ရင် ဒူးဖုံးတွေလုံးဝမဝတ်ပါနဲ့။ ခြေထောက်တိုသလိုဖြစ်ပြီး အရပ်ပုတာ ပိုသိသာစေပါတယ်။ ဒါကြောင့် ပေါင်လယ်စကပ်လေးတွေပဲဝတ်ပါ။