ရာသီဥတုအေးတဲ့နေရာမျိုးအတွက် Style ကျနေစေမယ့် ဘောင်းဘီရှည် Outfit Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေကတော့ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။ ရာသီဥတုအေးလာတဲ့အခါမှာလည်း Style ကျကျ ဝတ်လို့ရတာပေါ့။

ကိုရီးယားမလေးတွေ အမြဲဝတ်လေ့ရှိတဲ့ Fashion လေးပါ။ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့ Style လေးလည်း ဖြစ်ပါတယ်။

ရာသီဥတုအေးပြီဆိုရင် ဆွယ်တာတွေနဲ့ ရှိုးထုတ်လို့ အကောင်းဆုံးပါပဲ။ ဒီလို Crop Top ဆွယ်တာလေးတွေဆိုလည်း ဝတ်လိုက်တာနဲ့ ချစ်ဖို့ကောင်းနေတာပါပဲ။

ကိုရီးယား Style ကြိုက်တဲ့ လူငယ်ကောင်မလေးတွေဆိုရင် ဒီလို Outfit Style လေးကိုသာ ဝတ်ကြည့်ပါ။

Fashion ကျကျ၊ Style ကျကျနဲ့ မိမိုက်ပြီးလှနေစေမယ့် Outfit လေးပါ။ ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ဆို ဆွယ်ဆောင်မှုရှိစေပြီး ပုပုသေးသေးလေးတွေနဲ့ဆိုရင်တော့ ချစ်ဖို့ကောင်းနေမှာပါ။

ကိုရီးယားမလေးတွေ ဝတ်နေကျ Fashion လေးပါပဲ။ ကုတ်လေးနဲ့ ဒီလိုဝတ်တာက ရာသီဥတုအေးရင် အရမ်းရှိုးထုတ်လို့ကောင်းပါတယ်။

Hoodie ကို ကိုရီးယားမလေးတွေ ဝတ်သလို ဒီလိုမျိုးလေးလည်း ဝတ်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

အပေါ်ကနေ ဒီလို Cardigan လေးတွေ ထပ်ဝတ်တာလည်း ချစ်ဖို့ကောင်းပြီး ကိုရီးယားဆန်တဲ့ Fashion Style လေးပါပဲ။

ဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းပြီး Style ကျနေစေမယ့် Fashion လေးပါ။

ဒီ Fashion လေးကတော့ ရာသီဥတုသိပ်မအေးလည်း ရှိုးထုတ်လို့ရတဲ့ Fashion လေးပါ။

ကုတ်အတိုလေးတွေကလည်း Style ကျကျနဲ့ ချစ်ဖို့ကောင်းစေတာကြောင့် ရာသီဥတုအေးရင် ရှိုးထုတ်လို့ အရမ်းကောင်းပါတယ်။

ရာသီဥတုအေးလို့ ဘာဝတ်ရမှန်းမသိရင် ဆွယ်တာလေးတွေသာ ထုတ်ဝတ်ပါ။ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

Photo source:www.pinterest.com