ဖက်ရှင်နဲ့ပတ်သက်ပြီး မိန်းကလေးတိုင်း ရှောင်ကြဉ်သင့်တဲ့အမှားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မိတ်ကပ်အများကြီးပြင်ဆင်ခြင်း

မိတ်ကပ်ပြင်တဲ့အခါမှာ ပုံမှန်ထက်ပိုပြီး over ဖြစ်အောင်ဖြစ်ဆင်တာက လုံးဝမလှသလို ဝတ်ဆင်ထားတဲ့ဖက်ရှင်ကိုလည်း ပိုဂွမ်းသလိုဖြစ်သွားစေပါတယ်။ အခုနောက်ပိုင်းမှာဆိုလည်း full makeup look တွေထက် natural ဆန်တာလေးတွေက ပိုပြီးခေတ်စားနေတာပါ။

ဘောင်းဘီတွေကိုမပြင်ပဲဝတ်ခြင်း

ဘောင်းဘီက ကိုယ်နဲ့ရှည်နေတာမျိုး၊ ပွနေတာမျိုးတွေ ဖြစ်နေရင် လုံးဝပုံမကျသလို ကြည့်ရတာလည်း တစ်ခုခုလိုနေသလို ခံစားရစေပါတယ်။ ဒါကြောင့် ဖက်ရှင်ကို အလေးထားတယ်ဆိုရင် ဘောင်းဘီအရမ်းရှည်နေတာမျိုး၊ ပွနေတာမျိုးတွေကို ပြင်ပြီးမှ ဝတ်သင့်ပါတယ်။

ရေမွှေးအလွန်အကျွံသုံးခြင်း

ရေမွှေးအလွန်အကျွံသုံးရင် အနံ့တွေမွှန်ထူပြီး ဘေးကလူအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ကိုယ့်ဝတ်ထားတဲ့ ဖက်ရှင်အလှကိုလည်း ဖုံးသွားစေပါတယ်။ ဥပမာ – ကိုယ်က ရိုးရိုးလေးဝတ်ထားပြီး sexy ကျတဲ့ အနံ့ပြင်းတာမျိုးကို ဆွတ်ထားတာမျိုးဆို အဆင်မပြေပါဘူး။

ကြေနေတဲ့အဝတ်အစား

အဝတ်အစားတွေကို ဝတ်တဲ့အခါမှာ ကြေနေတာမျိုးတွေ၊ အဝတ်အစားကို မီးပူမတိုက်ပဲ အကြေအတိုင်းဝတ်တာမျိုးတွေကို ရှောင်သင့်ပါတယ်။ ဒီလိုအဝတ်အစားတွေ ကြေမွနေရင် ဖက်ရှင် image ကျစေပါတယ်။ မသန့်ရှင်းသလို၊ မသပ်ရပ်သလိုပုံစံမျိုး ဖြစ်စေပါတယ်။

အဆင်မပြေတဲ့ဖိနပ်ကိုစီးခြင်း

ကိုယ်စီးတဲ့ဖိနပ်က အဆင်မပြေရင်၊ သက်တောင့်သက်သာမဖြစ်ရင် ဘယ်လောက်ပဲလှအောင် ဝတ်စားထားပါစေ confident မရှိသလို ဖြစ်စေပါတယ်။ ကျော့မော့နေအောင် ဝတ်စားထားပြီး ဖိနပ်ကြောင့် အဆင်မပြေဖြစ်နေရင် လမ်းလျှောက်တာကအစ အရမ်းသိသာပါတယ်။ ဒါကြောင့် ဖိနပ်ကို သေချာရွေးချယ်ဖို့ လိုပါတယ်။

Jewelry တွေကိုအများကြီးဝတ်ခြင်း

Jewelry တွေကို အများကြီးဝတ်တာက ဖက်ရှင်မကျတဲ့အပြင် ကြည့်ရတာမျက်စိရှုပ်ပြီး မလိုက်ဖက်သလို feeling ရစေပါတယ်။ Jewelry ကြောင့် ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ပါ ပုံစံပြောင်းသွားစေပါတယ်။ ဒါကြောင့် jewelry အများကြီးဝတ်တာမျိုးကိုလည်း ရှောင်ရပါမယ်။