သင်က မကြာခင် ကမ်းခြေဆီ ခရီးသွားဖို့ စိတ်ကူးရှိသူ ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ အလုပ်ပင်ပန်းတဲ့အချိန်၊ စာလုပ်ရတာ များတဲ့အချိန်ပြီးနောက်မှာ ဘယ်သူမဆို စိတ်ထွက်ပေါက်အနေနဲ့ ခရီးထွက်ချင်ကြပါတယ်။ ဒီလို ခရီးထွက်တဲ့အခါ အသွားများတဲ့ နေရာတွေထဲမှာ ကမ်းခြေပါဝင်ပါတယ်။

ကမ်းခြေနဲ့ ပတ်သက်ပြီး မိန်းကလေးအများစုမှာ တွေ့ရတတ်တဲ့ အကျင့်တစ်ခုကတော့ သွားခါနီးမှ လိုတာတွေကို လိုက် ရှာဖွေတာပါ။ ကမ်းခြေ ဘယ်နှစ်ကြိမ်သွားဖူးပါစေ သွားမယ့် ရက် နီးရင်ကို အရင်က ယူခဲ့ဖူးတဲ့ ပစ္စည်းတွေကို မသိတော့ဘဲ ပြန်ရှာရ စမြဲပါ။ သင်က ဘာတွေလိုလဲ ထပ်လာရှာသူဆိုရင်တော့ ဒီဖက်ရှင် ပစ္စည်းတွေကို လိုအပ်ပါတယ်။ ဒီ Fashion Item တွေက သင် ဓာတ်ပုံရိုက်တဲ့အချိန် လှအောင် ကူညီပေးပါလိမ့်မယ်။

၁။ နေကာမျက်မှန်

သင့်စတိုင်အတွက် နေကာမျက်မှန်ကို လိုသလို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့လည်း နေကာမျက်မှန်ကို မဖြစ်မနေ လိုအပ်ပါတယ်။

၂။ Sandal ဖိနပ်

ကမ်းခြေမှာ လမ်းလျှောက်တဲ့အချိန် ဒေါက်ဖိနပ်က သဲထဲ စိုက်ဝင်ပြီး လျှောက်ရ မကောင်းနိုင်သလို Sneaker ကျတော့လည်း အပေအတေ မခံဘဲ သဲတွေ ဖိနပ်ထဲ ဝင်နိုင်ပါတယ်။ အသင့်တော်ဆုံးကတော့ ခပ်ပါးပါး Sandal ဖိနပ်တွေပါ။

၃။ နေကာ ဦးထုပ်

နေကာ ဦးထုပ်တွေက ဓာတ်ပုံထဲမှာ လှသလို နေရောင်ခြည်ဒဏ်ကနေလည်း နေကာမျက်မှန်လိုပဲ ကာကွယ်ပေးနိုင်ပါတယ်။

၄။ Dress ဝတ်စုံ

ကမ်းခြေနဲ့ အလိုက်ဖက်ဆုံးကတော့ ဂါဝန်တွေ ဖြစ်ပြီး ဓာတ်ပုံထဲမှာလည်း ပန်းပွင့်ရိုက် ဂါဝန်လေးတွေ၊ ဂါဝန်ရှည်တွေက အလှဆုံးပါပဲ။

၅။ Beach Bag

ကမ်းခြေစတိုင် အိတ်တွေက ကမ်းခြေနဲ့ လိုက်ဖက်သလို သင့်အတွက်လည်း အသုံးဝင်မှာပါ။

၆။ Jewelry

လက်ဝတ်ရတနာတွေက သင့်ဖက်ရှင်ကို ပံ့ပိုးပေးမယ့် Fashion Accessories တွေပါ။

၇။ ဂျင်းဘောင်းဘီတို

ဂါဝန်လိုပဲ ကမ်းခြေနဲ့ လိုက်တဲ့ နောက်ထပ် ဖက်ရှင်ကတော့ ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီတိုပါ။

၈။ ခေါင်းပတ်

သင်ဝတ်တဲ့ ဂါဝန်နဲ့ အရောင်တူတဲ့ ခေါင်းပတ်တွေ၊ သင့်ဆံပင်စတိုင်နဲ့ လိုက်ဖက်တဲ့ ခေါင်းပတ်တွေက ဓာတ်ပုံရိုက်တဲ့အချိန် လှစေမှာပါ။

၉။ ပဝါ

ပဝါပါးပါးလေးတွေက လေတိုက်တဲ့အချိန် ဓာတ်ပုံရိုက်လိုက်တဲ့အခါ သင့်ကို မိုက်သွားစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar