အပြင်တစ်ခါသွားရင် ဘာဝတ်ရမှန်းမသိဘူး၊ ဝတ်စရာမရှိဘူးဆိုပြီး ဖြစ်နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ အဝတ်အစားတစ်ထည်ကို စတိုင်လ်အမျိုးမျိုး ပြောင်းလဲပြီးဝတ်ဆင်ဖို့အတွက် ဖက်ရှင်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလို ဒူးအထက်ရှိတဲ့ pant အပွလေးတွေကို ဝတ်မယ်ဆိုရင် စတိုင်လ် ၅ မျိုးနဲ့ ဝတ်လို့ရပါတယ်။

အရင်ဆုံး အခုခေတ်စားနေတဲ့ tank top အဖြူလေးနဲ့ တွဲဝတ်ကြည့်ပါ။ ပေါ့ပါးလွတ်လပ်တဲ့စတိုင်လ်လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ရှပ်အင်္ကျီအဖြူကို pant ထဲထည့်ဝတ်ပြီး sneakers အဖြူလေးစီးရင်လည်း ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းပါတယ်။

စတိုင်လ်တစ်မျိုးပြောင်းပြီး pant ထဲကို အင်္ကျီတစ်ခြမ်းပဲထည့်၊ တစ်ခြမ်းကို အပြင်ထုတ်ဝတ်လို့လည်း ရသေးတယ်နော်။

ဒီလို ချစ်ဖို့ကောင်းတဲ့ top လေးတွေနဲ့ တွဲဝတ်လို့လည်း ရပါသေးတယ်။ ဖိနပ်ကိုတော့ sneakers အစား ဒေါက်ဖိနပ်လေး ပြောင်းစီးလိုက်ပါ။

အခုခေတ်စားနေတဲ့ pant အပွ အရှည်တွေဝယ်မယ်ဆိုရင် အနက်ရောင်ကို အရင်ဝယ်ပါ။ အနက်ရောင်ဝယ်ပြီး ဒီလို စတိုင်လ် ၄ မျိုး ပြောင်းဝတ်လို့ရပါတယ်။

ခုနက ချစ်ဖို့ကောင်းတဲ့ top လေးတွေနဲ့ တွဲဝတ်လိုက်ရုံပါပဲ။

Tank top အဖြူလေးနဲ့ ပြန်တွဲဝတ်ပါ။

ကိုရီးယားစတိုင်လ်လေး ဝတ်ချင်ရင် tank top ဝတ်ပြီး အပေါ်ကနေ coat လေး ထပ်ဝတ်လိုက်ရုံပါပဲ။

နောက်တစ်မျိုးအနေနဲ့ ရှပ်အင်္ကျီအဖြူလေး ထပ်ဝတ်လိုက်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ ဖက်ရှင်စတိုင်လ်လေးပါပဲ။

အခုခေတ်စားနေတဲ့ jean pant လေးကိုလည်း လှပပြီး ဖက်ရှင်ကျနေအောင် စတိုင်လ် ၄ မျိုး ပြောင်းဝတ်ကြည့်ပါ။

အရင်ဆုံး အပေါ်မှာဝတ်လာတဲ့ ချစ်ဖို့ကောင်းတဲ့ top လေးနဲ့ ပြန်တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်ရင်တောင် တော်တော်လှနေပါပြီ။

ပေါ့ပေါ့ပါးပါး tank top လေးနဲ့ ပြန်တွဲဝတ်ပါ။

နောက်တစ်မျိုးစတိုင်လ်ပြောင်းပြီး tank top အပေါ်ကနေ ရှပ်အင်္ကျီအဖြူလေး ထပ်ဝတ်လိုက်ပါ။

Coat လေးပြောင်းပြီး ထပ်ဝတ်လိုက်မယ်ဆိုရင်တော့ စတိုင်လ်ကျပြီး လှနေမှာပါ။

ဘောင်းဘီစကပ်အမဲလေးတွေကတော့ ရှိထားရင် အရမ်းအသုံးဝင်ပါတယ်။ ဘာနဲ့မဆို လိုက်ဖက်ပါတယ်။ အခုခေတ်ကောင်မလေးတွေရဲ့ အကြိုက်ဆိုရင်တော့ ဒီလို စတိုင်လ် ၄ မျိုး ပြောင်းဝတ်ကြည့်ပါ။

အရင်ဆုံး မိန်းကလေးဆန်ဆန် အပေါ်မှာဝတ်လာတဲ့ top လေးနဲ့ပဲ တွဲဝတ်ပါမယ်။

ကိုရီးယားစတိုင်လ်လေးဖြစ်အောင် တီရှပ်လေးနဲ့တွဲဝတ်ပြီး boots အမဲလေး စီးလိုက်ပါ။

နောက်ထပ် စတိုင်လ်တစ်မျိုးပြောင်းသွားအောင် ကုတ်လေးထပ်ဝတ်ကြည့်ပါ။

ရှပ်အင်္ကျီအဖြူနဲ့တွဲဝတ်ပြီး ဒီလိုလေး ခါးပတ်ပတ်လိုက်မယ်ဆိုရင်တော့ ဖက်ရှင်ကျပြီး မိုက်နေမှာပါ။

Biker pant လေးတွေကိုတော့ စတိုင်လ်ကျကျ ဖက်ရှင်ကျကျ ၂ မျိုးပြောင်းဝတ်လို့ရပါတယ်။

Biker pant ကို tank top အဖြူနဲ့ပဲတွဲဝတ်ပြီး အပေါ်ကနေ ရှပ်အင်္ကျီအဖြူလေးထပ်ဝတ်ကာ sneakers အဖြူလေးစီးပါ။

နောက်ထပ်စတိုင်လ်တစ်မျိုးကတော့ အပေါ်ထပ်ကို coat လေးပြောင်းဝတ်လိုက်ရုံပါပဲ။

Sexy dress လေးတွေကို sexy ကျကျမဝတ်ချင်ရင် ချစ်ဖို့ကောင်းပြီး လှနေအောင် ဒီလိုစတိုင်လ် ၃ မျိုး ပြောင်းဝတ်ကြည့်ပါ။

ဒေါက်ဖိနပ်မစီးပဲ sneakers အဖြူလေးစီးလိုက်ရင် cute ဖြစ်တဲ့ဘက် ရောက်သွားပါတယ်။

အပေါ်ကနေ coat လေးထပ်ဝတ်လိုက်ရင်တော့ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

နောက်တစ်မျိုးကတော့ ရှပ်အင်္ကျီအဖြူလေး ထပ်ဝတ်ပြီး အင်္ကျီကိုချည်လိုက်ရုံပါပဲ။