အခုနောက်ပိုင်းမှာ ကမ်းခြေသွားရင် swimsuit တွေ အရမ်းဝတ်ကြပေမယ့် ကိုယ်က မဝတ်ချင်ဘူး၊ မဝတ်ရဲဘူးဆိုရင် မပူပါနဲ့။ ကမ်းခြေသွားတဲ့အခါမှာ swimsuit မဝတ်လည်း ဒီလိုဖက်ရှင်လေးတွေကိုဝတ်ပြီး လှလို့ရပါတယ်။

အခုနောက်ပိုင်းမှာ ဒီလိုဘောင်းဘီအရှည်အပွလေးတွေကိုလည်း ကမ်းခြေဖက်ရှင်အဖြစ် ရွေးဝတ်လာကြပါတယ်။ ဒါကြောင့် ကိုယ်က swimsuit မဝတ်ရဲရင် ရင်ပြတ်လေးနဲ့ ဒီလိုဘောင်းဘီကိုသာ တွဲဝတ်လိုက်ပါ။

Crochet လေးတွေဝတ်တာလည်း ခေတ်စားနေတာကြောင့် ဘောင်းဘီအရှည်လေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ ကမ်းခြေနဲ့လည်းလိုက်ဖက်ပါတယ်။

ဂျင်းဘောင်းဘီအရှည်အပွတွေကို ဒီလို top လှလှလေးတွေနဲ့ တွဲဝတ်တာလည်း ကမ်းခြေနဲ့လိုက်ဖက်ပါတယ်။ အတိုမဝတ်ရင် ဒါမျိုးလေးတွေသာ ဝတ်ချပစ်ပါ။

ဘောင်းဘီအရှည်အပွလေးတွေကို bra လှလှလေးတွေနဲ့ တွဲဝတ်တာက ဖက်ရှင်ကျပြီး အရမ်းလှပါတယ်။ ကမ်းခြေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

ဘောင်းဘီအတိုအပွလေးတွေ၊ ဂျင်းဘောင်းဘီအတိုလေးတွေကို ဒီလို top လေးတွေနဲ့ တွဲဝတ်တာက ကမ်းခြေနဲ့လိုက်ဖက်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ကမ်းခြေမှာ ဒီလို dress လေးတွေဝတ်ပြီး ဓာတ်ပုံရိုက်ရင် အရမ်းလှပါတယ်။ သူများနဲ့မတူပဲလှချင်ရင် ဒီလိုဖက်ရှင်မျိုးကို ရွေးချယ်သင့်ပါတယ်။

ဒီလိုဂါဝန်အရှည်ကြီးတွေကတော့ ကမ်းခြေဖက်ရှင်ပါပဲ။ Swimsuit မဝတ်လည်း ဒါမျိုးလေးတွေဝတ်ရင် အရမ်းလှပါတယ်။

Bra နဲ့ ဘောင်းဘီတိုကိုတွဲဝတ်တဲ့ ဒီလိုဖက်ရှင်လေးတွေက ကမ်းခြေနဲ့လိုက်ဖက်ပြီး အခုနောက်ပိုင်းမှာလည်း အရမ်းခေတ်စားလာတဲ့ ဖက်ရှင်လေးတွေပါ။

ကြိုးတစ်လုံးလေးတွေကို ဒီလိုအဆင်လှတဲ့ ဘောင်းဘီအရှည်တွေနဲ့ တွဲဝတ်တာက ထိုင်းမလေးတွေဝတ်နေကျ ဖက်ရှင်လေးပါပဲ။ ကမ်းခြေနဲ့လည်း အရမ်းလိုက်ပါတယ်။

ကမ်းခြေမှာ မိန်းကလေးဆန်ဆန်နဲ့လှချင်ရင် ဒီလိုဖက်ရှင်လေးသာ ရွေးဝတ်ပါ။

Photo source:www.pinterest.com