ရာသီအလိုက် ခေတ်မှီတဲ့ လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေနဲ့ Idol ဖက်ရှင်လေးတွေ စိတ်ဝင်စားကြတဲ့ စာဖတ်သူတို့ အားလုံးပဲမင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာတော့ တောင်ကိုးရီးယားရဲ့ ဖက်ရှင်အကျဆုံး အဆိုတော်တွေထဲကတစ်ဦးဖြစ်တဲ့ Red Velvet အဖွဲ့ဝင် Joy ရဲ့ နွေရာသီဖက်ရှင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။


အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Joy ရဲ့နာမည်အရင်းကတော့ Park Soo Young ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ပွဲဦးထွက်ခဲ့တဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ Variety Show တွေမှာလည်း Host တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး လက်ရှိမှာ “Hello” ဆိုတဲ့ တစ်ကိုယ်တော် သီချင်းတစ်ပုဒ်ကို ထွက်ရှိထားပါသေးတယ်။

သူမဟာ အမြဲ လူငယ်ဆန်ဆန်နဲ့ ထူးခြားဆန်းသစ်တဲ့ ဖက်ရှင်လေးတွေဝတ်လေ့ရှိပြီး သူမနွေရာသီမှာ ဝတ်လေ့ရှိတဲ့ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးတွေက ကြည့်လိုက်တာနဲ့ အမြင်အေးပြီး လန်းဆန်းစေတာကြောင့် အခုခေတ်လူငယ်မိန်းကလေးတွေနဲ့လည်း လိုက်ဖက်ကာ အကြိုက်တွေ့စေမှာပါ။ ဒီတော့ နွေရာသီနဲ့လိုက်တဲ့ Outfit လေးတွေ အတုယူနိုင်ဖို့ Joy ဝတ်လေ့ရှိတဲ့ ဖက်ရှင်လှလှလေးတွေကို ကြည့်လိုက်ရအောင်နော်-

Photo Source- Pinterest

By MyStyle Myanmar