ဖက်ရှင်ကျကျဝတ်စားရတာ သဘောကျတဲ့ လူငယ်ကောင်မလေးတွေအတွက် ဖက်ရှင်အိုင်ဒီယာတချို့ကို မျှဝေပေးလိုက်ပါတယ်။ အခုခေတ်စားနေတဲ့ ဖက်ရှင်လေးတွေလည်း ပါတာကြောင့် သဘောကျမယ်လို့ ထင်ပါတယ်။
အခုနောက်ပိုင်းမှာ ဒီလိုဂျင်းစကပ်နဲ့ Boots စီးတာလေးတွေက အရမ်းခေတ်စားလာပါတယ်။ ဒီဖက်ရှင်လေးဆိုရင် အထာကျပြီးမိုက်သလို ဖက်ရှင်ကျပြီး ဆွဲဆောင်မှုလည်း ရှိပါတယ်။
ရှပ်အင်္ကျီအဖြူကို အထာကျကျ ဖက်ရှင်ကျကျ ဘယ်လိုဝတ်ရမယ်ဆိုတာ မသိရင် ဒီဖက်ရှင်လေးအတိုင်း ဝတ်ကြည့်ပါ။
ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပါ။ လူငယ်ကောင်မလေးတွေ အထူးသဖြင့် ကိုရီးယားဖက်ရှင်ကြိုက်တဲ့ ကောင်မလေးတွေ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။
Cargo Pant လေးတွေကလည်း အခုနောက်ပိုင်းမှာ ခေတ်စားနေတာကြောင့် ကြိုက်တယ်ဆိုရင် ဒီလိုလေးတွဲဖက်ဝတ်ဆင်ကြည့်နော်။
ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် ရိုးရှင်းပြီး ဖက်ရှင်ကျတဲ့ပုံစံလေးပါ။ စကပ်အတိုဝတ်ရတာကြိုက်ရင် ဒီလိုလေးတွေ ဝတ်ကြည့်ပါ။
ဒီလိုအင်္ကျီမျိုးတွေကလည်း အခုနောက်ပိုင်းမှာ ခေတ်စားလာပါတယ်။ ဘယ်လိုတွဲဝတ်ရမလဲ စဉ်းစားရခက်နေရင် ဒီလိုလေးတွဲဝတ်ပြီး ဖိနပ်ကိုတော့ Boots လေးတွေ စီးလိုက်ပါ။
ဂျင်းဘောင်းဘီအရှည်ကို ဒီလိုလေးတွဲဝတ်တာက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံလေးပါပဲ။
Midi စကပ်လေးတွေကိုတော့ ရိုးရိုးရှင်းရှင်း ဝတ်ချင်ရင် ဒီလိုလေးတွဲဖက်ဝတ်ဆင်ကြည့်နော်။
ဘောင်းဘီအကျပ်တွေထက် ဒီလိုဂျင်းလေးတွေက အခုနောက်ပိုင်းမှာ ပိုခေတ်စားလာပါတယ်။ ဘယ်လိုအင်္ကျီမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။
တင်းနစ်စကပ်လေးတွေကို ချစ်ဖို့ကောင်းအောင် ဒီလိုလေးဝတ်လို့လည်း ရပါသေးတယ်။ ရာသီဥတုအေးရင် ဝတ်လို့ကောင်းတဲ့ ဖက်ရှင်လေးပါပဲ။
Photo source:www.pinterest.com