သင်က မော်ဒယ်တွေလို ပေါင်တံသွယ်တာ၊ ပေါင်တံရှည်တာမျိုး မပိုင်ဆိုင်ဘူးဆိုရင် စိတ်မကောင်းမဖြစ်ပါနဲ့။ ပေါင်တံ တိုတိုလေးကိုမှ လှလှလေး ဝတ်နိုင်ပါတယ်။ ကိုယ့်ပေါင်တံကို ဖုံးကွယ်ပြီး ဝတ်စရာလည်း မလိုပါဘူး။ ဒီတော့ ဘယ်လိုဝတ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်။

ပေါင်သိပ်မရှည်တဲ့ ပျိုမေတို့ အနေနဲ့ စကပ်တိုလေးတွေ ဝတ်နိုင်ပါတယ်။

အောက်ဘက်မှာ ခြေတံရှည်တယ် ထင်ရအောင် ခြေအိတ် အရှည် ဝတ်ပေးသင့်ပါတယ်။

ခြေတံကို အာရုံသိပ်မစိုက်မိအောင် တခြားနေရာ၊ အပေါ် အင်္ကျီတွေမှာ ဖဲပြားပါတာ၊ ထူးခြားတာလေးတွေ ဝတ်သင့်ပါတယ်။

အိတ်လွယ်တာ၊ ဖိနပ်ကို အဖြူစီးတာက သင့် ဖက်ရှင်ကို ပိုဆန်းနေစေမှာပါ။

ဘောင်းဘီအကျပ် အရှည်တွေကလည်း ပေါင်တံမရှည်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပါတယ်။

ဒူးဖုံး စကပ်အရှည်ကလည်း သင့်အလှကို ပံ့ပိုးပေးမှာပါ။

အပေါ်က ကုတ်အရှည်၊ အင်္ကျီအရှည် ပံ့ပိုးပေးမှုကြောင့် ခြေတံမရှည်တာ မသိသာစေတော့ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar