ဒီတစ်ခါမှာတော့ လူငယ်လေးတွေအတွက်မဟုတ်ပဲ အသက် ၃၀ ကျော် မိန်းကလေးတွေအတွက် နုပျိုလှပနေစေမယ့် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ အရမ်းလူကြီးဆန်ဆန်တွေ မဝတ်ပဲ ဒီလိုလေးတွေဝတ်တာက ပိုပြီးနုပျိုတဲ့ပုံစံလေး ဖြစ်စေပါတယ်နော်။

ဒီလိုဖက်ရှင်လေးဆိုရင် လုံလုံခြုံခြုံနဲ့ တည်ငြိမ်လှတဲ့ပုံစံလေး ဖြစ်စေပါတယ်။ အရမ်းလည်းလူကြီးမဆန်ပဲ နုပျိုလှပနေမှာပါ။

ပေါ့ပေါ့ပါးပါးပုံစံလေး ဝတ်ချင်တဲ့အခါ ဒီလိုဖက်ရှင်လေးကို ဝတ်ကြည့်ပါ။ အတိုဝတ်ထားပေမယ့်လည်း အမြင်မရိုင်းပဲ နုပျိုပြီးလှပနေစေပါတယ်။

ဒီလိုဂါဝန်အရှည်လေးတွေဆိုရင်လည်း အသက် ၃၀ ကျော် မိန်းကလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်ပါ။ ဒေါက်ဖိနပ်လေးတွေစီးလိုက်ရင် အရမ်းကိုလှနေမှာပါ။

အတိုဝတ်ချင်တဲ့အခါ ဒီလိုဖက်ရှင်မျိုးကိုလည်း ရွေးဝတ်ကြည့်ပါ။ နုပျိုလှပစေတဲ့ ဖက်ရှင်လေးပါပဲ။

ဒီလိုဖက်ရှင်မျိုးဆိုရင် ပွဲတက်အတွက်လည်း အဆင်ပြေပါတယ်။ တည်ငြိမ်ပြီး ကျော့ရှင်းလှပနေမှာပါ။

အသက် ၃၀ ကျော် မိန်းကလေးတွေအတွက် နောက်ထပ် ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ဖက်ရှင်လေးပါ။ အပေါ်ထပ်လေးကြောင့် ပိုပြီးနုပျိုတဲ့ပုံစံလေး ဖြစ်သွားစေပါတယ်။

အသက် ၃၀ ကျော် မိန်းကလေးတွေက ဒီလိုစကပ်အရှည်လေးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။ မိန်းကလေးဆန်တဲ့ တည်ငြိမ်တဲ့ပုံစံလေးနဲ့ လှတာပါ။

စကပ်အရှည်ဝတ်တာကြိုက်ရင် ဒီလိုဖက်ရှင်လေးတွေကိုလည်း ဝတ်ကြည့်ပါ။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဘောင်းဘီအရှည်ဝတ်မယ်ဆိုရင် ဒီလိုဖက်ရှင်မျိုးကို ဝတ်ကြည့်ပါ။ ကိုရီးယားဖက်ရှင်လေးနဲ့ စမတ်ကျပြီးလှနေမှာပါ။

ဒီဖက်ရှင်လေးဆိုရင် ရုံးတက်အတွက် အရမ်းအဆင်ပြေတဲ့ ကိုရီးယားဖက်ရှင်လေးပါ။ အသက် ၃၀ ကျော် မိန်းကလေးတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

နောက်ထပ် ကိုရီးယားဆန်တဲ့ ဖက်ရှင်လေးပါ။ တည်ငြိမ်ပြီးလှစေတဲ့ပုံစံလေးလည်း ဖြစ်ပါတယ်။ လည်ပင်းမှာ ပုဝါလေးစည်းထားတာက ဖက်ရှင်တစ်မျိုးပါပဲ။

Photo source:www.pinterest.com