အခုအချိန်မှာ ကမ်းခြေမသွားရလည်း တစ်ချိန်ချိန်တော့ သင့်အတွက် အခွင့်အရေး ရလာမှာပါ။ ဒီအချိန်မှာ သင်ကအိမ်နဲ့ အလုပ်မှာ မွန်းကျပ်ရင်တောင် ကမ်းခြေသွားမယ်လို့ စိတ်ကူးကြည့်ရုံနဲ့ ခဏတာ အမောပြေမှာပါ။ အခု ခရီးမသွားရသေးတာက သင့်သည်းခံနိုင်စွမ်းကို စမ်းသပ်တယ်လို့ မှတ်ယူနိုင်ပါတယ်။

ဘယ်အချိန်သွားပါစေ ကမ်းခြေရောက်တဲ့အခါ ပျိုမေတိုင်း ဓာတ်ပုံလှလှလေးတွေ လိုချင်ကြပါတယ်။ ဓာတ်ပုံလှလှလေး ရဖို့ ကိုယ့်ဖက်ရှင်ဝတ်ဆင်ပုံက အရေးကြီးပါတယ်။ သောင်ပြင်သဲနဲ့ ပင်လယ်ကို နောက်ခံထား ရိုက်တဲ့အချိန် သင့်အဝတ်အစားက ပေါ့ပါးမှု မရှိရင် သင့်ဓာတ်ပုံက ကမ်းခြေနဲ့ လွတ်လပ်မှုကို ဖော်ညွှန်းနိုင်မှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ကမ်းခြေမှာ ဓာတ်ပုံရိုက်ရင် ကြည့်ကောင်းတတ်တဲ့ ဝတ်ဆင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

ဂါဝန်ကိုမှ အင်္ကျီလက်ပြတ်လေးက သင့်ကို ကမ်းခြေနဲ့ လိုက်ဖက်စေမှာပါ။

အင်္ကျီလတ်ပြတ်ကိုမှ အပေါ်ထပ် အပါးလေး ခြုံလိုက်တဲ့အခါ နေရောင်ကာကွယ်ရာ ရောက်ပြီး လေတိုက်တိုင်းလွင့်နေမှာပါ။

ဒီဖက်ရှင်က ကမ်းခြေသွားတဲ့ ပျိုမေအများစု ဝတ်လေ့ရှိတဲ့ ဖက်ရှင်ပါ။ ကမ်းခြေဆင်းတဲ့အချိန် ဘောင်းဘီတိုကသင့်ကို ပေါ့ပါးစေပြီး လူငယ်ဆန်ဆန်နဲ့ လှစေမှာပါ။

ဒါက Bikini ဝတ်ရဲတဲ့ ပျိုမေတို့အတွက်ပါ။ Bikini ကိုမှ အပေါ်ထပ်ခြုံလိုက်တဲ့အခါ သင့်ကို Sexy ကျစေပြီးမိန်းကလေးဆန်စေပါတယ်။

Swimsuit ကိုမှ သပ်သပ်မဝတ်ဘဲ ရှပ်အင်္ကျီ လက်ရှည်နဲ့ သင့်ကို ခပ်မိုက်မိုက် ဖြစ်စေမှာပါ။

ဂါဝန်ရှည်ကိုမှ ရှေ့ခွဲဂါဝန်က မြင်သူ ပုရိသတွေကို တဖြုတ်ဖြုတ်ကြွေစေမှာပါ။

​ဂါဝန်ရှည်ကို အပေါ် ခါးတို အင်္ကျီလက်ပြတ်နဲ့ တွဲဝတ်တဲ့အခါ သင့်ကို အမြင်မရိုင်းစေဘဲ ချစ်စရာကောင်းစေမှာပါ။

Lisa လို အင်္ကျီလက်ရှည် အဖျားပွလေးက လေတိုက်တိုင်း လွင့်နေပြီး ကမ်းခြေနဲ့ အထူးလိုက်ဖက်ပါတယ်။

ကမ်းခြေရဲ့ ရည်ရွယ်ချက်က သင့်စိတ်ကို ပေါ့ပါး လန်းဆန်းစေဖို့ပါ။ ဒီလိုပေါ့ပါး လန်းဆန်းတဲ့ Vibe ရစေဖို့ ရှပ်အပွဘောင်းဘီတိုနဲ့ Beach စတိုင် ဖိနပ်က အသင့်တော်ဆုံးပါ။

သင်က ပေါင်တံဖော်ပြရတာမျိုး မကြိုက်ရင် ရိုးရိုးရှင်းရှင်းလေး Crop နဲ့ ဘောင်းဘီရှည်ကလည်း လှနေတာပါပဲ။

Photo Source: Pinterest

By MyStyle Myanmar