အထာကျကျ၊ ဖက်ရှင်ကျကျပုံလေးတွေရိုက်ရတာကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ထိုင်ပြီးဓာတ်ပုံရိုက်တဲ့အခါမှာ အထာကျပြီးမိုက်နေစေမယ့် ဖက်ရှင်အသားပေးလည်းဖြစ်တဲ့ ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။

ဖိနပ်ပေါ်လွင်ချင်တဲ့အခါ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။

ကြမ်းမှာထိုင်ရိုက်တဲ့အခါ တော်တော်များများရိုက်လေ့ရှိတဲ့ ပို့စ်လေးပါပဲ။ ရှေ့တည့်တည့်ကမရိုက်ပဲ ဘေးဘက်ကနေရိုက်ပေးတော့ ဒီလိုလေးဖြစ်ပြီးပိုမိုက်တာပေါ့။

လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ ဒီလိုလေးထိုင်ရိုက်တာလည်း မိုက်တာပါပဲ။ ကိုယ်စီးထားတဲ့ဖိနပ်ကိုလည်း ပေါ်လွင်စေပါတယ်။

နေကာပို့စ်လေးကလည်း ထိုင်ပြီးရိုက်တဲ့အခါ အရမ်းအသုံးဝင်ပါတယ်။ ဒါကြောင့် ဒီလိုလေးလည်း ရိုက်ကြည့်နော်။

နောက်တစ်မျိုးအနေနဲ့ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးလို့လည်း ရပါသေးတယ်။

ဦးထုပ်လေးဆောင်းထားတယ်ဆိုရင် ဒီလိုလေးရိုက်ကြည့်နော်။ အထာကျပြီးမိုက်ပါတယ်။

အမိုက်စားဖက်ရှင်လေးတွေဝတ်ပြီး လမ်းမမှား ဒီလိုလေးထိုင်ရိုက်တာက တစ်မျိုးလေးဆန်းပြီး မိုက်ပါတယ်။ ဖက်ရှင်အသားပေးရိုက်ချင်တဲ့အခါ အရမ်းအသုံးဝင်ပါတယ်။

ဒေါက်ဖိနပ်လေးစီးပြီး ဒီလိုထိုင်ရိုက်တာမျိုးကတော့ အထာကျပြီးမိုက်တဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ ပို့စ်မျိုးဖြစ်ပါတယ်။

ဒါကတော့ ထိုင်ပြီး Mirror Selfie ရိုက်တဲ့အခါမှာ အသုံးဝင်မယ့် ပို့စ်လေးဖြစ်ပါတယ်။ အထာကျပြီးမိုက်သလို ဖက်ရှင်အသားပေးလည်း ဖြစ်ပါတယ်။

ဘယ်လိုထိုင်ရိုက်ရမှန်းမသိတဲ့သူနဲ့ ဓာတ်ပုံရိုက်ရင် လက်ကိုဘယ်နားထားရမလဲ မသိတဲ့သူတွေအတွက် အရမ်းအသုံးဝင်တဲ့ အထာကျကျပို့စ်လေးပါ။

Photo source:www.pinterest.com