ဖက်ရှင်ရေစီးကြောင်းတွေ ဘယ်လောက်ပဲပြောင်းလဲနေပါစေ လူကြီးလူငယ်မရွေး နှစ်သက်ပြီးဝတ်ဆင်နေကြတဲ့ ဖက်ရှင်တွေထဲမှာ Denim Jeans Wear တွေကတစ်ခုအပါအဝင်ဖြစ်ပါတယ်။

လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်သလို ပွဲတက်အနေနဲ့ ဝတ်ဆင်နိုင်ပြီး နေရာတိုင်းအတွက် သင့်တော်တဲ့ ဖက်ရှင်ပုံစံမျိုးဖြစ်တာကြောင့် ယနေ့အထိ ဖက်ရှင်လောကမှာ နေရာယူထားနိုင်တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဂျင်းဖက်ရှင်နဲ့ ခပ်မိုက်မိုက် စတိုင်ထုတ်ချင်သူတွေအတွက် ခေတ်ဆန်ပြီးကြည့်ကောင်းစေမယ့် Denim Jean ဂျက်ကတ်တွေရဲ့ အတွဲစပ်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) တီရှပ်အဖြူ

Denim Jean ဂျက်ကတ်နဲ့ တီရှပ်အဖြူဆိုတာ တကယ့်ကို Classic ဆန်တဲ့ တွဲဖက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်တဲ့အသွင်ကို ဆောင်စေပြီး ရာသီဥတုမရွေး ဝတ်ဆင်ဖို့သင့်တော်ပါတယ်။

အောက်ခံ တီရှပ်အဖြူကို အပေါ်က Denim Jean ဂျက်ကတ်ထပ်ဝတ်ပြီး လမ်းထွက်ရင်တော့ လည်ပြန်ငေးရမယ့် အထာကျသူတစ်ယောက်ဖြစ်မှာ သေချာပါတယ်။

(၂) အနက်ရောင်ဂျင်းဘောင်းဘီ

လူငယ်ဆန်ပြီး တည်ငြိမ်တဲ့အသွင်ကို ဆောင်စေမယ့် ဖက်ရှင်တွဲဖက်မှုဆိုရင် အနက်ရောင်ဂျင်းဘောင်းဘီတွေက မပါမဖြစ်ထည့်စဉ်းစားရမှာပါ။ ဟိုနားဒီနား ပေါ့ပေါ့ပါးပါးသွားရင်ဖြစ်စေ ပွဲတက်ဖို့အတွက်ဖြစ်စေ အနက်ရောက်ဂျင်းဘောင်းဘီက တော်တော်များများရဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

Denim Jean ဂျက်ကတ်နဲ့ အနက်ရောင်ဂျင်းဘောင်းဘီရဲ့ တွဲဖက်မှုကလည်း တကယ့်ကိုပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။

(၃) အားကစားဘောင်းဘီ

အားကစားဘောင်းဘီနဲ့ ဂျင်းဂျက်ကတ်ရဲ့ တွဲဖက်မှုဖက်ရှင်က ကြောင်တောင်တောင်နိုင်မယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် Joggers ဘောင်းဘီလို ခပ်ပွပွစတိုင်အားကစားဘောင်းဘီနဲ့ Denim Jean ဂျက်ကတ်ကို တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ တကယ့်ကို အထာကျကျနဲ့ လူငယ်စတိုင်ကို အပေါ်လွင်ဆုံးဖြစ်စေမဲ့ ဖက်ရှင်အသွင်ကို ရရှိမှာဖြစ်ပါတယ်။

(၄) ခေါင်းစွတ်အင်္ကျီ ( Hoodie )

Hoodie ဖက်ရှင်စတိုင်ဟာ လူငယ်တွေကြားမှာ ယနေ့အထိ ရေပန်းစားနေတဲ့ ဖက်ရှင်တစ်မျိုးဖြစ်ပါတယ်။ Streetwear တွေလို ခေတ်လူငယ်စတိုင် ဖက်ရှင်တွေကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူတွေအတွက်တော့ Denim Jean ဂျက်ကတ်တွေနဲ့ ခေါင်းစွတ်အင်္ကျီ Hoodie က အထိမိဆုံးတွဲဖက်မှု ဖက်ရှင်စတိုင်တစ်မျိုးဖြစ်ပါတယ်။

သတိထားရမှာတစ်ခုက ယနေ့ခေတ်ဖက်ရှင်ရေစီးကြောင်းပေါ်မှာ ခေတ်စားနေတဲ့ အရောင်တောက်တောက် Hoodie တွေကို ရှောင်ပြီး မီးခိုး (သို့မဟုတ်) အရောင်ခပ်နုနု Hoodie ဒီဇိုင်းတွေကို တွဲဖက်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။