အခုကဆောင်းလည်းဝင်နေပြီဆိုတော့ ပျိုမေတို့အတွက် ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ ဖက်ရှင်အရောင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချမ်း‌အေးတဲ့ဆောင်းရာသီမှာ ဖက်ရှင်ကျကျ လှပနေစေဖို့ ဆောင်းရာသီနဲ့ လိုက်ဖက်လွန်းလှတဲ့ ဒီအရောင်လေးတွေကို ဝတ်ဆင်လိုက်ကြရအောင်..

Nude ကာလာ

Nude ကာလာ၊ ကာကီရောင်၊ အသားရောင် စတာတွေက အရောင်ဆင်တော့ ဆောင်းရာသီနဲ့ လိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်အရောင်လေးတွေပဲ့ဖြစ်ပါတယ်နော်။

မီးခိုးရောင်

ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ ဖက်ရှင်အရောင်ထဲမှာ မီးခိုးရောင်လည်း ပါပါတယ်။ မီးခိုးရောင်ကို အနက်ရောင်နဲ့တွဲဝတ်တာထက် အဖြူရောင်နဲ့ တွဲဝတ်တာက ပိုပြီးအထာကျပါတယ်။

အဖြူရောင်

အဖြူရောင်ကို ဂျင်းအဖြူလေးတွေနဲ့ဝတ်တာမျိုးက ဆောင်းရာသီနဲ့လိုက်ဖက်မှုရှိစေပြီး သင့်ကိုပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျနေစေမှာပါနော်။

ဗေဒါရောင်

ဆောင်းရာသီမှာ ဗေဒါရောင်လွင်လွင်လေးဝတ်လိုက်ရင် သိပ်ကိုချစ်ဖို့ကောင်းပြီး ဖက်ရှင်ကျနေစေမှာပဲ့ဖြစ်ပါတယ်။

အဝါရောင်

အဝါရောင်ဆွယ်တာလေးတွေဆိုရင်တော့ ဆောင်းရာသီနဲ့ ကွက်တိပါပဲ။ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အရောင်ထဲမှာ အဝါရောင်လေးကို ချန်ထားခဲ့လို့မရဘူးနော်။

Photo Source: Pinterest