အဝတ်အစားဝတ်တဲ့အခါ ဒီအင်္ကျီ Color ဝတ်ရင် လိုက်ဖက်အောင် ဘာ Color နဲ့ တွဲဝတ်ရမလဲဆိုပြီး စဉ်းစားရခက်နေတဲ့သူတွေအတွက် Color တွေကို လိုက်ဖက်အောင်တွဲဝတ်နိုင်ဖို့၊ Fashion ကျလှပနေစေဖို့ Fashion Color တွဲစပ်မှုတွေကို မျှဝေပေးလိုက်ပါတယ်။

အစိမ်းရောင်ဆိုရင် အဝါရောင်နုနုလေးတွေနဲ့ တဲွဲဝတ်တာက လိုက်ဖက်ပါတယ်။ တခြား Fashion Accessories တွေကိုတော့ ပုံမှာပြထားသလို Color လေးတွေနဲ့ တွဲဖက်နိုင်ပါတယ်။

ခရမ်းရောင်အနုလေးဆိုရင် အဝါရောင်နုနုလေးနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ဒီလို Color တွဲစပ်မှုလေးက ရှားပြီးတော့ အရမ်းလည်းလှပါတယ်။

နက်ပြာရောင်လေးဆိုရင် တော်တော်များများက အဖြူတွေ၊ အနက်တွေနဲ့ပဲ တွဲဝတ်ကြတာဆိုတော့ ဘိုဆန်ပြီးလှအောင် ခဲရောင်အဖျော့လေးနဲ့ တွဲဝတ်ကြည့်ပါ။

အဖြူရောင်ကို ဒီလိုအပြာအရောင် စိုစိုတောက်တောက်လေးနဲ့ တွဲဖက်ဝတ်ဆင်ရင် ထင်းပြီး အရမ်းလှပါတယ်။

အပြာရောင်ကို ဒီလို Color လေးနဲ့လည်း တွဲဝတ်ရင် Color လွင်လွင်လေးနဲ့ အရမ်းလှပါတယ်။

ပန်းရောင်လေးဝတ်တဲ့အခါ အနက်ရောင်နဲ့ပဲ တွဲဝတ်တာက ရိုးနေပါပြီ။ ဒီလို Color စုံလေး တွဲဝတ်ကြည့်ပါ။

Color စုံမဝတ်ချင်ရင် ပန်းရောင်ကို အနီရောင်လေးနဲ့တွဲဝတ်ပါ။

ခရမ်း၊ အဝါနဲ့ ပန်းရောင်ကို စပ်ဝတ်ထားတာလေးက Fashion ကျတဲ့ Color ပေါင်းစပ်မှုလေးပါပဲ။

အဝါနဲ့အနီကို တွဲဝတ်တာကလည်း ကြည့်လိုက်တာနဲ့ထင်းပြီး အရမ်းလှတယ်နော်။

အပြာရောင်စိုစိုလေးကို ဒီလိုလေးလည်း တွဲဝတ်ကြည့်နော်။

အစိမ်းရောင်ကို အနီရောင်နဲ့ တွဲဝတ်တာကတော့ Christmas Theme လေးပေါ့။ ချစ်ဖို့ကောင်းပါတယ်။

အစိမ်းရောင်ကို ဒီလိုလေးတွဲဝတ်ရင်ကျတော့ ဘိုဆန်ပြီးလှပါတယ်။

Crazy Color လေးတွေကြိုက်ရင် ဒီလိုလေးလည်း တွဲစပ်ပြီးဝတ်ကြည့်နော်။

မိုးပြာရောင်လေးကို ဘိုဆန်အောင် ဒီလိုလေးတွဲဝတ်ကြည့်ပါ။ Color ငြိမ်ပြီး အရမ်းလှပါတယ်။

ပန်းရောင်ကို အညိုရောင်နဲ့တွဲဝတ်တာကလည်း အရမ်းလိုက်ဖက်ပြီး Color အငြိမ်လေးနဲ့ လှပါတယ်။

Photo source:www.pinterest.com