တခြားသူတွေထက်အမြဲပဲ စတိုင်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့ဆို ဘာတွေသိထားဖို့လိုမလဲ။ အခြေခံစတိုင်စည်းမျဉ်းတွေအကြောင်း သိတဲ့သူဟာ တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဖက်ရှင်ကျ သားနားအောင် ဝတ်တတ်စားတတ်တာ သဘာဝပါပဲ။

ဒီတော့ အမြဲစတိုလ်ကျကျ နေတတ်ချင်သူတွေ သိထားသင့်တဲ့ ဖက်ရှင်အကြံပြုချက်လေးတွေ လေ့လာကြည့်ရအောင်ပါ။

(၁) ဖက်ရှင်ရေစီးကြောင်းအလိုက် ပြောင်းလဲဝတ်ဆင်တက်ဖို့လိုတယ်

ဖက်ရှင်ဆိုတာ နှစ်အလိုက်ခေတ်အလိုက်အမြဲ ပြောင်းလဲတဲ့သဘောရှိပါတယ်။ Trends အညီဝတ်ဆင်တက်ချင်းက ကိုယ့်ရဲ့ဖက်ရှင်စတိုင်လ်ကိုမြင့်တင်ပေးနိုင်မယ့် အဓိကအခြေခံအချက် တစ်ခုဖြစ်ပါတယ်။

အမြဲတမ်း Classic ဆန်ဆန်ဖက်ရှင်တွေပဲဝတ်နေရင် ရိုးအီလာမှာပါ။ ဒါကြောင့် ဖက်ရှင်ရေစီးကြောင်းအလိုက် ကိုယ့်ရဲ့စတိုင်လ်ကို ပြောင်းလဲဝတ်ဆင်ပါ။

(၂) ဖက်ရှင်ရွေးချယ်မှုပါးနပ်ရမယ်

နေ့စဉ်လှုပ်ရှားနေရတဲ့ Lifestyle နဲ့လိုက်ဖက်တဲ့ အဝတ်အစားတွေကို ပါးပါးနပ်နပ်ရွေးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ်သွားမှာလား ၊ ပွဲအခမ်းအနားတစ်ခုခုရမှာလား ၊ ပေါ့ပေါ့ ပါးပါး အပြင်သွားမှာလား ၊ အားကစားလုပ်မှာလား စသည်ဖြင့် ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး ဖက်ရှင်ရွေးချယ်မှုကို လိုက်ဖက်အောင် ပြောင်းလဲရွေးချယ်တတ်ရမှာဖြစ်ပါတယ်။

(၃) Quality ကို ဦးစားပေးပါ

အဝတ်အစားဝယ်ယူတဲ့အခါ Quality ကိုဦးစားပေးဖို့ လိုပါတယ်။ Quality ကောင်းတဲ့ပစ္စည်းတွေက ရေရှည်အသုံးခံသလို Cutting ပိုင်းမှာလည်း ပိုပြီးစမတ်ကျပါတယ်။

အရည်အသွေးမြင့်တဲ့ အဝတ်အစားဆိုတာ သုံးထားတဲ့ ချည်သားကောင်းရမယ် ၊ ဝတ်ကြည့်တာနဲ့ အဆင်ပြေနေရပါမယ်။ အနည်းဆုံး ၂ နှစ် ၃ နှစ်အထိကောင်းကောင်း ဝတ်လို့ရပြီး မရိုးသွားမယ့် ဒီဇိုင်းမျိုး ဖြစ်နေရပါမယ်။

(၄) ဖိနပ်ကောင်းကောင်းဝတ်ဆင်ပါ

ဖက်ရှင်နဲ့ပတ်သတ်ရင် အရေးကြီးတဲ့ ဖိနပ်ကိုလည်း မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ စတိုင်လ်တစ်ခုလုံးကို ဖိနပ်က ဖျက်စီးပစ်လိုက်နိုင်ပါတယ်။ အခုခေတ် ယောက်ကျားလေးနဲ့မိန်းကလေးတွေက အားကစားဖိနပ်တွေ ဝတ်ဆင်ရတာကို ပိုသဘောကျနေပါတယ်။

ဒါပေမယ့် ဒေါက်ဖိနပ်နဲ့ Dress ၊ ရိုးရိုးရှုးဖိနပ်နဲ့ ဂျင်းဘောင်းဘီတွေလောက် တွဲဖက်ညီပြီး စတိုင်ကျတာ မရှိပါဘူး။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်ညီမယ့် ဖိနပ်နှစ်ရံလောက် ဝယ်ထားသင့်ပါတယ်။