လူသားတွေအတွက် ဖက်ရှင် Myth ဟာ Own Style လို့ပြောရမှာပါပဲ။ စတိုင်လို့ပြောလိုက်ရင် ကြားဖူးနေကြဆိုပေမယ့် အတိအကျ နားမလည်တာမျိုးလည်း ရှိမှာပါ။

ဖက်ရှင်ဆိုတာ Trend အပြောင်းအလဲပေါ် မူတည်နေပြီး စတိုင်ကတော့ ကိုယ်နဲ့လိုက်ဖက်မယ့် ဒီဇိုင်းကို ရွေးချယ်ပြီး သေသေသပ်သပ် ဝတ်ဆင်တတ်ခြင်းပါ။

စတိုင်ကို နောက်တစ်မျိုး အဓိပ္ပာယ်ဖွင့်လို့ရတာက Full Dress Up ခေါ် လူမြင်ကောင်းအောင် ဝတ်ဆင်တတ်တာကိုပြောတာပါ။ ဖက်ရှင်လောက ကသတ်မှတ်ထားတာက လူတိုင်းမှာ သူ့ကိုယ်ပိုင် စတိုင်နဲ့သူ ရှိပါတယ်။

အဲ့အရာကနေပဲ ကိုယ်ရဲ့ Attitude ကို ဖော်ပြနေတာလို့လည်း ပြောလို့ရပါတယ်။ ကိုယ့်လူနေမှု ဘဝပေါ်မူတည်ပြီး ကိုယ့်စတိုင်ကို ကိုယ်ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စတိုင်အတိုင်း မဝတ်ခင် လိုက်နာသင့်တဲ့ Style Pyramid ရှိပါတယ်။ ပိရမစ်ဆိုတဲ့အတိုင်း အချက်သုံးချက်အပေါ်အခြေခံပါတယ်။ ဘာတွေလည်းဆိုတော့ Fit ၊ Fabric နဲ့ Function ပဲဖြစ်ပါတယ်။

သင်ရဲ့ နေထိုင်မှုဘဝဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီသုံးချက်နဲ့ကိုက်ပီဆိုတာနဲ့ Stylish ဖြစ်တယ်လို့ခေါ်နိုင်ပါတယ်။ Fit ဆိုတာက Size နဲ့ Shape မူတည်ပြီး ကိုယ်ခန္ဓာကိုယ်နဲ့ ကိုက်ညီသင့်တော်တာကို ဆိုလိုတာပါ။

Fabric ကတော့ Texture ပိတ်စအသားကို ဆိုလိုတာပါ ကွာလတီရှိတဲ့ ပစ္စည်းကို ပါးနပ်စွာရွေးချယ် ဝတ်ဆင်တတ်ဖို့လိုပါတယ်။ အထည်များ အယားပြေဆိုတဲ့ Quantity ထက် Quality ရှိတဲ့ အရာကို ဦးစားပေးဝယ်ပါ။

နောက်ဆုံးတစ်ခုအနေနဲ့ Function ကတော့ အပေါ်နဲ့အောက် အပ်စပ်ပြီး အချိုးကျနေဖို့ပဲလိုပါတယ်။ သင့်ရဲ့ Own Style ကို ပိရိမစ် စံနှုန်းနဲ့တိုင်းတာပြီး ဝတ်ဆင်တတ်အောင် ဖော်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။