လူတစ်ယောက်က ကိုယ့်ကိုယ်ကို ဘယ်လို Confidence ရှိအောင်နေထိုင်ရမလဲ ဝတ်စားဆင်ရမလဲဆိုတာ သိထားမယ်ဆိုရင် ဝပေမယ့်လည်း လှနေမှာပါ။ ဝတဲ့သူတွေအတွက် ဝတ်စားဆင်ယင်မှု အပိုင်းမှာအခက်အခဲတွေ အများကြီးရှိတယ်ဆိုတာမှန်ပေမယ့် အခုပြောပြမယ့်အချက်တွေကို သိထားမယ်ဆိုရင် ဝပေမယ့်လည်း ဖက်ရှင်ကျတဲ့သူ တစ်ယောက်ဖြစ်နိုင်ပါတယ်။

ပိတ်စအသားကို သေချာရွေးပါ

အင်္ကျီတစ်ခု Cutting ကျပြီး Fitting ဖြစ်ဖို့ ပိတ်စရဲ့အသားပေါ်မှာလဲ မူတည်နေပါတယ်။ အရမ်းထူ၊ အရမ်းပါးတဲ့ ပိတ်သားမျိုး ရှောင်ကြဉ်ရပါမယ်။ ဥပမာအနေနဲ့ Polyesterလို အသားမျိုးဖြစ်ပါတယ်။ သဘာဝကရပြီး အသားအေးစေမယ့် ပိတ်စ ဥပမာ Cotton လိုမျိုးက အလိုက်ဖက်ဆုံးဖြစ်စေမှာပါ။

အရောင်ရွေးချယ်မှုကို သတိထားပါ

ကိုယ့်ရဲ့ Body ကို ရှိရင်းစွဲထပ်ပိုပြီး ကြီးထွားတယ်ထင်ရစေမယ့် အရောင်တောက်တောက်တွေ ဝတ်ဆင်ခြင်းကို အထူးရှောင်ကျဉ်ရပါမယ်။ အလိုက်ဖက်ဆုံးဖြစ်စေမယ့်အရောင်တွေကတော့ Neutral color တွေဖြစ်တဲ့ နေဗွီပြာ၊ နက်ပြာ၊ အနက်နဲ့ မီးခိုးတို့ပဲ ဖြစ်ပါတယ်။ ဒီလိုအရောင်တွေကို ကိုယ့်ရဲ့ပုံမှန်ထပ်ပိုပြည့်နေတဲ့ Body အချိုးအစားမှာ ဝတ်ဆင်ပေးသင့်ပါတယ်။

ပိန်သွယ်စေမယ့် Trick တွေ ဆောင်ထားပါ

ကိုယ့် Body ရဲ့လိုတာထက် ဝတယ်လို့ထင်ရစေမယ့် ဥပမာ ဗိုက်လိုနေရာမျိုးတွေကို ဖုံးစေမယ့် ကုတ် Or အရောင်ရင့်မျိုး ဝတ်ဆင်ပေးခြင်းက ရှိရင်းထက် ပိန်သွယ်တယ်ထင်ရစေမှာပါ။ နောက်ပြီး V shape နဲ့ ဒေါင်လိုက်အစင်းပါတဲ့ Pattern မျိုးကို အဓိကထားဝတ်ဆင်ရပါမယ်။ ဒီ Pattern တွေက သင့်ကို အများအမြင်မှာပိန်သွယ်စေမှာ အသေချာပါပဲ။

Size မှန်ကန်အောင်ရွေးချယ်ပါ

ဝတဲ့သူတွေအနေနဲ့ ကိုယ်နဲ့ကွက်တိကျတဲ့ Size ရဖို့ အင်မတန်အရေးကြီးပါတယ်။ တစ်ဆိုဒ်သေးရင်လည်း ကိုယ့်ရဲ့ဝတဲ့ Features တွေကို ပိုထင်သာမြင်သာရှိစေနိုင်ပြီး၊ တစ်ဆိုဒ်လောက်ကြီးသွားပြန်ရင်လဲ ထွားထွားကြီးနဲ့ ကြည့်ရဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ Fitting ကျစေမယ့် Tailor တစ်ယောက်စီမှာ ကိုယ်တိုင်းနဲ့အတိအကျချုပ်ဝတ်ဖို့ပဲဖြစ်ပါတယ်။