ကိုယ်ဝတ်လိုက်တဲ့ ဖက်ရှင်ပုံစံက ကိုယ့်ပုံစံကို အများကြီး ထင်ဟပ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံး တွေ့တဲ့အချိန် လူတွေမြင်မှာက သင့်ရဲ့ ဝတ်စားဆင်ယင်ပုံရယ် အပြုအမူ ရယ်ပါ။ သင်က လူတွေကို ဘယ်လိုမြင်စေချင်လဲပေါ် မူတည်ပြီး သင်ဝတ်တဲ့ ဖက်ရှင်ပုံစံကိုပါ သတိထား ရွေးချယ်သင့်ပါတယ်။ တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ မိန်းကလေးတွေရဲ့ ပုံစံကတော့ ကြည့်လိုက်တာနဲ့ အမြင်အေးပြီး လေးစားစိတ်ပါ ထပ်တိုးစေတဲ့ ပုံစံဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ ပုံစံရချင်တဲ့ မိန်းကလေးတွေအတွက် ရှိထားသင့်တဲ့ Fashion ပစ္စည်းတွေကို ဖော်ပြလိုက်ပါတယ်။

အမြင်ရှင်းတဲ့ ကလစ်

ပန်းပွင့်ပုံ၊ အရုပ်ပုံတွေ၊ သုံးလေး ရောင်စပ်တဲ့ ကလစ်တွေ စတာတွေကို တည်ငြိမ်တဲ့ပုံစံ ရချင်တဲ့ မိန်းကလေးတွေအနေနဲ့ ရှောင်သင့်ပါတယ်။ ကြည့်ရတာ ရိုးရှင်းတဲ့ ရွှေရောင် ဒါမှမဟုတ် ငွေရောင် ကလစ်မျိုး ရှိသင့်ပါတယ်။

ဆွဲကြိုးသေးသေးလေးတွေ

ကြိုးမျှင်မျှင်လေးနဲ့ ရှေ့မှာ ကျောက်တစ်လုံး၊ ဆွဲသီးသေးသေးလေးတွေပါတဲ့ ဆွဲကြိုးမျိုးက သင့်လည်တိုင်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ လှစေပါတယ်။

လက်စွပ်ပါးပါးလေး

လက်စွပ်သေးသေးလေးတွေက တည်ငြိမ်တဲ့ မိန်းကလေးအများစုနဲ့ လိုက်ဖက်ပါတယ်။ လက်တစ်ဘက်တည်းမှာပဲ လက်စွပ်သေးသေးလေး နှစ်ကွင်း ဒါမှမဟုတ် သုံးကွင်းဝတ်လိုက်တာက ထူးခြားပြီး ကြည့်လို့လှပါတယ်။

ကျောက်တစ်လုံး နားကပ်

ကျောက်တစ်လုံး နားကပ်သေးသေးလေးတွေ၊ နားကွင်းသေးသေးလေးတွေက ရိုးရှင်းပြီး အေးချမ်းတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်ပါတယ်။

အင်္ကျီနဲ့ အရောင်တူတဲ့ Scrunchie

အင်္ကျီနဲ့ အရောင်တူတဲ့ ခေါင်းစည်းကြိုးတွေက ဝတ်ဆင်သူ မိန်းကလေးကို ချစ်စရာကောင်းစေပြီး ယဉ်ယဉ်လေးနဲ့ ကြည့်လို့ကောင်းလှပါတယ်။

ဘေးလွယ်အိတ်

ကျက်သရေရှိရှိ လှချင်တဲ့ ပျိုမေတို့အနေနဲ့ လူကြီးဆန်တဲ့ အိတ်တစ်အိတ် ပိုင်ဆိုင်ထားသင့်ပါတယ်။ ဘေးလွယ်အိတ်တွေက တည်ငြိမ်တဲ့ အသွင်ကို ပိုင်ဆိုင်စေမှာပါ။

Photo Source: Pinterest

By MyStyleMyanmar