တစ်သက်မှာတစ်ခါ ဆောင်ရတဲ့ မင်္ဂလာပွဲဟာ တစ်သက်မမေ့နိုင်စရာ အမှတ်တရတွေထဲကတစ်ခုပါပဲ။ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ဖို့ (သို့) စတင်လျှောက်လှမ်းဖို့ လက်ထပ်ခြင်းဆိုတာ လမ်းစတစ်ခုပဲဖြစ်ပါတယ်။
မင်္ဂလာသတို့သမီးအနေနဲ့ မင်္ဂလာဝတ်စုံလှလှဝတ်ဖို့ မင်္ဂလာမဆောင်ခင်မှာ အသားအရေထိန်းသိမ်းတာတွေ ကိုယ်အလေးချိန်လျှော့ချတာတွေ လုပ်လေ့ရှိကြသလို မင်္ဂဆောင်မယ့် သတို့သမီးတိုင်းမှာ စိတ်ကူးထဲက ဝတ်ချင်တဲ့ မင်္ဂလာဝတ်စုံတွေ ရှိကြပါတယ်နော်။
တချို့တွေကတော့ ငှားဝတ်ကြသလို တချို့တွေကလည်း အမှတ်တရသိမ်းထားချင်လို့ တစ်ခါတည်းဝတ်ရပေမယ့်လည်း သိမ်းထားလေ့ရှိကြပါတယ်။
MyStyle Myanmar က စာဖတ်သူမိန်းကလေးတွေမှာလည်း အဲဒီလိုစိတ်ကူးလေးတွေ ရှိကြမှာပါ။
အခုတစ်ခါအလှည့်ကျတာကတော့ မြင်လိုက်တဲ့မိန်းကလေးတိုင်း တစ်ခါလောက်တော့ ဝတ်ကြည့်ချင်စိတ်ဖြစ်မှာသေချာတဲ့ သတို့သမီးဝတ်စုံလှလှလေးတွေပဲဖြစ်ပါတယ်။
Source: BrightSide