အမျိုးသမီးတွေအတွက် အသားအရေ ကြည်လင်လှပတာမျိုးကိုလိုချင်ကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ မိတ်ကပ်လိမ်းတာဟာ အသားအရေကို ပိုပြီးနုပျိုစေပြီး မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ပိုပြီး ကျက်သရေရှိ လှပစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်။

၁။ လှပတဲ့ Eyeliner

မိတ်ကပ်လိမ်းရာမှာ မျက်လုံး မိတ်ကပ်ကလည်း မပါမဖြစ်ပါပဲနော်။ Eyeliner ဆိုးတဲ့နေရာမှာ မျက်လုံးကို စင်းပြီး ဆိုးပေးပါ။

၂။ နူးညံ့လှပတဲ့ အသားအရေ

အမျိုးသမီးတိုင်း အသားအရေကို နူးညံ့လှပချင်ကြပါတယ်။ ဒါ့ကြောင့် မျက်နှာကို ခဏခဏ လက်နဲ့ မထိအောင်သတိထားပါ။ သဘာဝပါဝင်ပစ္စည်းတွေ ပါဝင်ပြီး အရည်အသွေးမြင့်တဲ့ အလှကုန်ပစ္စည်းတွေသုံးပါ။

၃။ နှုတ်ခမ်းနီ

နှုတ်ခမ်းနီ အနီရောင်ဟာဆိုရင် သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေမှာမလွဲပါပဲ။ ဘယ်တော့မှ မရိုးနိုင်တဲ့ နှုတ်ခမ်းနီအရောင်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းနီ အနီရောင်ကိုလည်း ဆိုးပေးနိုင်ပါတယ်။

၄။ Eyeshadow ကို ဒီလိုဆိုးပါ

အခုပုံမှာ Eyeshadow ဆိုးတဲ့ပုံကို ပြထားပါတယ်နော်။ ညဖက်တွေ အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် စားသောက်ဆိုင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် ဒီလို Shadow လိမ်းချယ်မှုမျိုးကို လိမ်းပေးနိုင်ပါတယ်။

၅။ မျက်ခုံးမွှေးကို သေသေသပ်သပ်ဆွဲပါ

မျက်ခုံးမွှေးဟာလည်း သင့်ရဲ့ မျက်နှာမှာ ထင်ပေါ်စေတဲ့ အလှတရားထဲမှာ တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်ခုံးမွှေးကို အလှဆုံးနဲ့ အထင်ပေါ်ဆုံး ဆွဲလိုက်ပါ။ မိတ်ကပ်သိပ်မလိမ်းရင်တောင် မျက်ခုံးမွှေးလေးဆွဲရင် သင့်ကို ကြည့်လို့ကောင်းနေစေမှာပါ။

၆။ သွားလေးတွေဖြူဝင်းစေဖို့

သွားလေးတွေဖြူဝင်းစေဖို့ သွားတိုက်ဆေးနဲ့ Baking Soda (မုန့် ဖုတ်ဆိုဒါ) ကို ရောပြီး သွားတိုက်ပေးရင်လည်းရပါတယ်။ Aluminum Foil နားမှောက်ပြီးတော့လည်း သွားမှာကပ်ပေးလိုက်ပါ။ ပြီးရင် ၁ နာရီလောက်ထားပြီး ရေဆေးချလိုက်ပါ။