ကမ်းခြေကို အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေတာလား? ဒါဆိုရင်တော့ ကမ်းခြေမှာ လူအများကြား ထင်းပြီး စတိုင်ကျကျနဲ့ အလန်းဆုံးဖြစ်နေဖို့ Outfits တွေကို ဖော်ပြလိုက်ပါတယ်။
ဘောင်းဘီတိုနဲ့ ချစ်ဖို့ကောင်းတဲ့ Crop Top က အလွန်သက်တောင့်သက်သာရှိပြီး ကမ်းခြေနဲ့ လိုက်ဖက်တဲ့ ၀တ်စုံဆိုလည်း မမှားပါဘူး။
Swim Suit Top အပေါ်မှာ ရှပ်အင်္ကျီ လေးကိုထပ်ပြီး ဘောင်းဘီတိုနဲ့ တွဲဖက်လိုက်ပါ။ ဒီဝတ်စုံက အလန်းဆုံးနဲ့ သက်တောင့်သက်သာအရှိဆုံးပါပဲ။
ကမ်းခြေအတွက် Outfit လို့တွေးလိုက်တာနဲ့ မပါမဖြစ်က Bikini ပါ။ အမိုက်စား Bikini တစ်စုံက ကမ်းခြေအတွက် ပြီးပြည့်စုံပြီးအမိုက်စားဖြစ်နေမယ့် Outfit တစ်ခုပါ။
Printed Shorts တွေကို ကမ်းခြေမှာ ဝတ်တဲ့အခါ လွတ်လပ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ရှိစေပါတယ်။
Crop Top၊ Jeans နဲ့ Sneakers တွေက ဝတ်ရတာသက်တောင့်သက်သာရှိပြီး သွားရလာရ လွယ်ကူတဲ့အပြင် အပြင်ထွက်တဲ့အခါမှာလည်း အချိန်မရွေး နေရာမရွေး သင့်တော်ပါတယ်။
ဦးထုပ်နဲ့ ပုဝါ ၊ ဦးထုပ်နဲ့ ဂါဝန် တို့က သက်တောင့်သက်သာရှိပြီး ကမ်းခြေနဲ့ လိုက်ဖက်လွန်းလှပါတယ်။
အလွှာအထပ်နဲ့ဂါဝန်တွေကလည်း အမိုက်စားဖြစ်စေတာမလို့ ကမ်းခြေယူမယ့်စာရင်းထဲမှာ မပါမဖြစ်ပါဘဲနော်။