လက်သည်းပုံဖော်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ December မှာပုံဖော်ဖို့အတွက် ဒီဇိုင်းဆန်းပြီးလှတဲ့ Christmas လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ မြင်နေကျ Christmas ဒီဇိုင်းတွေနဲ့မတူပဲ လှတာကြောင့် သဘောကျမယ်လို့ ထင်ပါတယ်။

အဖြူရောင်နဲ့အကြည်ကိုပဲ အဓိကသုံးပြီး ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးပါ။ Christmas Tree အပြင် နှင်းပွင့်လေးတွေပါ ပါတာကြောင့် ပိုပြီးလှသွားတာပါ။

Christmas လက်သည်းဒီဇိုင်းကိုမှ Cat Eyes လေးဆိုးပြီး ပုံဖော်ထားတာဖြစ်လို့ အမြင်ဆန်းပြီး အရမ်းလှပါတယ်။

Accessories လေးတွေကပ်ရတာကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရမ်းလှတဲ့ Christmas လက်သည်းဒီဇိုင်းလေးပါ။

အရောင်နုနုလေးတွေ၊ အသားနဲ့တစ်ထပ်တည်း ဖြစ်တာမျိုးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။

 

နောက်ထပ် Cat Eyes မှာပုံဖော်ထားတဲ့ Christmas လက်သည်းဒီဇိုင်းလေးပါ။ အရောင်က အသားဆောင်ပြီးလှပါတယ်။

ထင်းနေတာမျိုးလေးကြိုက်တယ်၊ Cat Eyes လည်းဆိုးချင်တယ်ဆိုရင်တော့ ဒီ Christmas လက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။

Cat Eyes ကိုမှ အရောင်စပ်ထားတဲ့အပြင် Christmas ဒီဇိုင်းလေးကလည်း ပုံဖော်ထားသေးတာဆိုတော့ ကြည့်လိုက်တာနဲ့ အမြင်ဆန်းပြီး အရမ်းလှပါတယ်။

ပုလဲလေးတွေကြိုက်တယ်ဆိုရင် ဒီ Christmas လက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

လက်သည်းအရှည်မထားရင် ဒီလိုလေးပုံဖော်ကြည့်နော်။ ရှင်းရှင်းလေးနဲ့ လှပါတယ်။

အသားဆောင်ပြီးငြိမ်တဲ့အရောင်လေးမှာ ပုံဖော်ထားတဲ့ ဒီ Christmas လက်သည်းဒီဇိုင်းလေးကလည်း အရမ်းလှပါတယ်။ တစ်ချောင်းနဲ့တစ်ချောင်း မတူအောင်ပုံဖော်ထားတာလေးက ပိုပြီးအမြင်ဆန်းစေပါတယ်။

ဒီ Christmas လက်သည်းဒီဇိုင်းလေးကတော့ ပြောစရာမလိုအောင် အရမ်းလှပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေတာပါ။ ပွဲတက်စရာရှိရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။

Photo source:www.pinterest.com