အားလုံးပဲ မင်္ဂလာပါ၊ စာဖတ်သူတွေထဲမှာ ဆူဇီရဲ့ချစ်ပရိတ်သတ်တွေ ဘယ်နှယောက်လောက်ရှိကြလဲ။ သူမရဲ့နာမည်အရင်းကတော့ Bae Su Ji ပါ၊ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ Gwangju မြို့မှာ မွေးဖွားပါတယ်။ သူမက အနုပညာလောကထဲမဝင်ရောက်ခင်မှာ အွန်လိုင်းရှော့ပင်းမှာ မော်ဒယ်အဖြစ် အလုပ်လုပ်ကိုင်ပါတယ်။

သူမက အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့အတွက်ကြောင့် K-Pop, K-Drama နဲ့ Film ဆိုတဲ့ နယ်ပယ်သုံးခုလုံးမှာ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ ဆုသုံးဆုကို ပထမဆုံးရရှိသွားတဲ့အမျိုးသမီးအနုပညာရှင်ပါ။ သူမရဲ့ဖက်ရှင်လေးတွေကိုလည်း သူမရဲ့ချစ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

ပွဲတက်ဖက်ရှင်လေးနဲ့ လှပကျော့ရှင်းနေတဲ့ ဆူဇီ

ဂျင်းဘောင်းဘီဖက်ရှင်

လေဆိပ်မှာ တွေ့ရတဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်

စကပ်အတိုလေးနဲ့ လှနေတဲ့ သူမ

စကပ်အရှည်နဲ့လည်း လှနေပြန်ရော

ချစ်စရာကောင်းတဲ့ပုံစံလေးလား

ဆွဲဆောင်မှုရှိတဲ့ အလန်းစားဖက်ရှင်လေးနဲ့ဆိုရင်ရော

ဂါဝန်လေးနဲ့လည်း သိပ်လှ

ပို့စ်ပေးကျွမ်းတဲ့ ချစ်စရာမင်းသမီးချော

သူမက စာဖတ်ရတာကြိုက်နှစ်သက်တယ်၊ ပန်းရောင်ကတော့ သူမအကြိုက်ဆုံးအရောင်ပေါ့။ ဟင်းသီးဟင်းရွက်တော့ လုံးဝမကြိုက်ပါဘူး၊ သူမရဲ့ ရှေ့သွား ၂ ချောင်းကို ပြုပြင်ထားတာကလွဲရင် မျက်နှာခွဲစိတ်ပြုပြင်ထားခြင်းလုံးဝမရှိဘဲ ပင်ကိုအလှအတိုင်းလှနေသူလေးပါ။ သူမရဲ့ချစ်ပရိတ်သတ်ကြီးကရော ဆူဇီက ဘယ်ဖက်ရှင်နဲ့ အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

Source: Pinterest.com