အားလုံးပဲ မင်္ဂလာပါ၊ W ကားထဲက ချစ်စရာကောင်းတဲ့ ဆရာဝန်မလေးကို အားလုံးပဲ မှတ်မိကြမှာပါနော်။ သူမရဲ့ နာမည်ကတော့ Han Hyo-joo ပါ။ သူမကို ၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ မွေးဖွားတာဆိုတော့ အခုဆိုရင် အသက် ၃၃ နှစ်ရှိပါပြီ။ အသက်အရွယ်နဲ့ မလိုက်အောင်ဘဲ အမြဲတမ်းငယ်ရွယ်နုပျိုတဲ့ပုံ ပေါက်နေတာကတော့ ကိုရီးယားမင်းသမီးတွေရဲ့ လျှို့ဝှက်ချက်တစ်ခုပဲပေါ့။

သူမရဲ့ အရပ်အမြင့်က ၅ ပေ ၈ လက်မရှိတာဆိုတော့ မနည်းမနောအရပ်မှ မဟုတ်ဘဲ။ သူမက အနုပညာလုပ်ငန်းကို ၂၀၀၃ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ နာမည်ကြီးလာခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ အီဂျီမဲ ဇာတ်လမ်းတွဲမှာဆိုရင် မင်းသား Lee Joon-gi နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး တော်တော်လေးကို ပေါက်သွား တဲ့ ဇာတ်ကားပါပဲ။ သူမရဲ့ပွဲတက်ဖက်ရှင်လေးတွေအပြင် ပျိုမေလေးတွေပါ ပေါ့ပေါ့ပါးပါးလိုက်ဝတ်လို့ရမယ့် ဖက်ရှင်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပွဲတက်ဖက်ရှင်များ

အဖြူရောင်ဂါဝန်များကို မရိုးအောင် ဝတ်ဆင်တတ်တဲ့သူမ

အခြား ချစ်စရာကောင်းသော ဂါဝန်လေးများ

စကပ်ဝတ်ရင်လည်း ဖက်ရှင်ကျနေတဲ့ သူမ

W ဆိုတဲ့ သင်္ကေတလေး လုပ်နေတာပါတဲ့

W ကားထဲက မင်းသားချော Lee Jong Suk နဲ့ အတူ ဓာတ်ပုံရိုက်နေစဉ်

မာန်မာနကင်းစင်တဲ့ သူမရဲ့မျက်နှာ

စတိုင်မိုက်မိုက် ဖက်ရှင်လေးတွေနဲ့လည်း ကြည့်ကောင်းနေပြန်ရော



သူမရဲ့ ချစ်ပရိတ်သတ်ကြီးကရော သူမရဲ့ဖက်ရှင်စတိုင်လေးတွေကို သဘောကျကြရဲ့လား။

Photo Source: Pinterest.com