Brand တွေဟာ ထုတ်ကုန်ရဲ့ အသက်လို့ ဆိုကြပါတယ်။ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အလွန့်ကို ဂရုစိုက်ပါတယ်။ ဒါကြောင့်ပဲ Brand နာမည်တွေဟာ အလကား ဖြစ်လာတာ မဟုတ်ဘဲ နောက်ကွယ်မှာ ဇာတ်လမ်းလေးတွေ ရှိနေတာ ဖြစ်ပါတယ်။

(၁) JBL

Photo: sarcasm

နာမည်ကြီး နားကြပ်နဲ့ စပီကာကုမ္ပဏီတစ်ခု ဖြစ်တဲ့ JBL ကို ၁၉၄၆ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ JBLအမှတ်တံဆိပ်ရဲ့ နာမည်ဟာ ဒီကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ James Bullough Lansing ရဲ့ နာမည်အတိုကောက်ကို ကိုယ်စားပြုတာပဲ ဖြစ်ပါတယ်။

(၂) BMW

Photo: Pinterest

ကမ္ဘာကျော်ဂျာမန်ကား နဲ့ ဆိုင်ကယ်ကုမ္ပဏီ BMW ရဲ့ နာမည်အပြည့်အစုံကို သိတဲ့သူ နည်းပါတယ်။ BMW ဟာ Bayerische Motoren Werke ဖြစ်ပါတယ်။ သဘောက Bavarian Motor Works ကို ပြောတာပါ။

(၃) H&M

Photo: 1000 Logos

နာမည်ကြီး ဆွီဒင်ဖက်ရှင်ကုမ္ပဏီ H&M ရဲ့ နောက်ကွယ်က ထူးခြားပါတယ်။ H&M ဆိုတာ Hennes and Mauritz ကို ပြောတာ ဖြစ်ပါတယ်။ Hennes ဆိုတာ ဆွီဒင်လို သူမရဲ့ ဥစ္စာ (Hers) လို့ အဓိပ္ပါယ်ရပြီး Mauritz ကတော့ ဒီ brand ကို တည်ထောင်တဲ့ အာလင်းပါးစ်ဆင် ဝယ်ခဲ့တဲ့ ဆိုင်ရဲ့ နာမည်ဖြစ်ပါတယ်။ ဒီနှစ်ခုပေါင်းပြီး H&M လို့ ဖြစ်လာတာပါ။

(၄) ITC

Photo: Justdial

အိန္ဒိယက ဆေးရွက်ကြီးလုပ်ငန်း တစ်ခု ဖြစ်တဲ့ ITC ကို ဒီနေ့မှာ Indian Tobacco Company လို့ လူသိများပါတယ်။ ၁၉၇၀ ခုနှစ်မှာ Imperial Tobacco Company ကနေ နာမည်ပြောင်းခဲ့တာပါ။

(၅) LEGO

Photo: CDA

ကမ္ဘာကျော် အရုပ်ကုမ္ပဏီ LEGO ကို တည်ထောင်ခဲ့တာ အနှစ် ၈၀ ကျော်ပြီ ဖြစ်ပါတယ်။ ဒိန်းမတ်ကုမ္ပဏီ ဖြစ်တဲ့ LEGO ဟာ Leg Godt ကို ပြောတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ကောင်းကောင်း ကစားပေတော့လို့ ဆိုလိုတာပါပဲ။

(၆) CNN

Photo: Noticiascol

အမေရိကန်အခြေစိုက် CNN တီဗွီချန်နယ်ကို လူတိုင်းလိုလို သိကြပါတယ်။ CNN ဟာ Cable News Network လို့ ဆိုပါတယ်။

(၇) Intel

Photo: HipWallpaper

ကမ္ဘာကျော် chips maker တစ်ခု ဖြစ်တဲ့ Intel ကိုလည် နည်းပညာဘက်က လူတိုင်း သိပြီးသားဖြစ်မှာပါ။ Intel ဆိုတာရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်နှစ်စမျိုး ဆောင်ပါတယ်။ တစ်ခုက Integrated Electronics နဲ့ နောက်တစ်ခုက Intelligence ရဲ့ အတိုကောက် အဓိပ္ပါယ်လို့လည်း ဆိုပါတယ်။