ဟောလိဝုဒ်က အနုပညာလောကဆိုတာ ပွင့်ပွင့်လင်းလင်းတွေ ပြောကြဆိုကြ ပြုမူကြလို့ အပြိုင်အဆိုင် များကောင်းများနိုင်ပေမယ့် ဒီလိုပြိုင်ဆိုင်မှုကိုသာ ဘေးဖယ်လိုက်မယ်ဆိုရင် သူတို့ဆီမှာလည်း သူငယ်ချင်းမိတ်ဆွေဖွဲ့ဖို့ဆိုတာ လွယ်လွယ်လေးပါ။

ဟောလိဝုဒ်က လူသိများလှတဲ့ အနုပညာရှင် သူငယ်ချင်းအတွဲတွေဆိုရင်လည်း ဖန်သားပြင်ပေါ်မှာ ပထမဦးဆုံး စပြီးရင်းနှီးသိကျွမ်းလာရာကနေမှတဆင့် အပြင်လောကမှာလည်း အင်မတန်ခင်မင်ရင်းနှီးလှတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာကြတာပါ။

ဒါဆိုရင်တော့ စတင်သိကျွမ်းရာကနေ အခုချိန်ထိ လက်တွဲမြဲနေကြသေးတဲ့ အနုပညာရှင်သူငယ်ချင်းအတွဲတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

Courteney Cox နဲ့ Lisa Kudrow

တချိန်က အင်မတန်လူသိများကျော်ကြားခဲ့တဲ့ အစီအစဥ်တစ်ခုဖြစ်တဲ့ Friends မှာ ၁၀ နှစ်နီးပါး အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီး အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒီအစီအစဥ်က သူတို့ရဲ့ ကျော်ကြားမှုစမှတ်လည်းဖြစ်သလို ခိုင်မာတဲ့သူငယ်ချင်းသံယောဇဥ် တည်ဆောက်နိုင်ဖို့လည်း ကူညီပေးခဲ့တယ်လို့ပြောရင် မမှားပါဘူး။

Eva Longoria နဲ့ Victoria Beckham

Eva Longoria နဲ့ Victoria Beckham တို့နှစ်ယောက်ကတော့ Los Angeles ဘောလုံးအသင်းဖြစ်တဲ့ LA Galaxy ကို ဒေးဗစ်ဘက်ခမ်းရဲ့ စာချုပ်ကြောင့် အမေရိကန်နိုင်ငံကို မိသားစုလိုက်ပြောင်းရွေ့လာခဲ့တဲ့အချိန် ၂၀၀၇ ခုနှစ်ကတည်းက သူငယ်ချင်းတွေဖြစ်လာတာဆိုတော့ ၁၅ နှစ်ကျော်သွားပါပြီ။

Ian McKellen နဲ့ Patrick Stewart

နှစ် ၄၀ ကျော်နီးပါး ရင်းနှီးလာခဲ့တာဆိုပေမယ့် သူတို့ကို ပိုပြီးရင်းနှီးလာခဲ့စေတာကတော့ ၂၀၀၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ X-Men ရုပ်ရှင်ကြောင့်ပါပဲ။ ဇာတ်လမ်းထဲမှာ အတူတူပါဝင်သရုပ်ဆောင်ကြရင်းနဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပြီး ဒီနေ့ထိကို ခိုင်မာနေဆဲပါ။

Kate Winslet နဲ့ Leonardo DiCaprio

သူတို့နှစ်ယောက်အကြောင်း ပြောမယ်ဆိုရင်တော့ ၁၉၉၇ ခုနှစ်တုန်းက ဆုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ Titanic ဇာတ်ကားနဲ့ ပရိတ်သတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ အချိန်ကိုပြန်ရောက်သွားသလိုပါပဲ။

ဇာတ်လမ်းရိုက်ကူးချိန်က စတင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ သူငယ်ချင်းသံယောဇဥ်က နှစ်ပေါင်း ၂၅ နှစ်ကြော် ကြာသွားသည့်တိုင်အောင်ကို နက်နဲနေတုန်းပါပဲ။

Leonardo DiCaprio နဲ့ Tobey Maguire

ကလေးသရုပ်ဆောင်ဘဝကတည်းက စတင်တွေ့ဆုံခဲ့တဲ့ ဒီမင်းသားနှစ်လက်ကတော့ မရည်ရွယ်ဘဲ အလုပ်အတူတူလုပ်ကြရင်း သူငယ်ချင်းတွေဖြစ်လာကြတာပါ။ အခုဆိုရင်တော့ နှစ်ပေါင်း ၃၀ ကျော် ကြာသွားပါပြီ။

Melissa McCarthy နဲ့ Octavia Spencer

ဟောလိဝုဒ်သရုပ်ဆောင်နယ်ပယ်ထဲ စတင်ဝင်ရောက်ချိန်ကတည်းက ရင်းနှီးခဲ့ကြပြီး Thunder Force ဆိုတဲ့ ဇာတ်ကားရိုက်တော့မှပဲ အလုပ်အတူတူလုပ်ဖို့ အခွင့်အရေးရခဲ့ကြတာပါ။ ဒီအခွင့်အရေးကြောင့်ပဲ ၂၅ နှစ်ကြာ သူတို့ရဲ့သူငယ်ချင်းသံယောဇဥ်ကလည်း ပိုပြီးခိုင်မာလာခဲ့တယ်လို့ ဆိုပါတယ်။

Cara Delevingne နဲ့ Selena Gomez

Cara Delevingne နဲ့ Selena Gomez တို့ရဲ့ သူငယ်ချင်းအစကတော့ သူတို့နှစ်ယောက် အသက် ၁၅ နှစ်အရွယ်ကတည်းကဖြစ်ပါတယ်။ Taylor Swift ရဲ့ “Bad Blood” music video မှာလည်း အတူတူပါဝင်ခဲ့ဖူးပါသေးတယ်။

Selena Gomez နဲ့ Taylor Swift

Selena Gomez နဲ့ Taylor Swift တို့နှစ်ဦးသားကတော့ အသည်းကွဲသီချင်းတွေနဲ့ပတ်သက်ပြီး သတင်းခေါင်းစဥ်တွေမှာ အမြဲပါလေ့ရှိတတ်ကြပြီး သူတို့ရဲ့ သူငယ်ချင်းသက်တမ်းတလျှောက် တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အားပေးနေတတ်ကြသူတွေလည်း ဖြစ်ပါတယ်။

Jonas brothers တို့နဲ့ တွဲခုတ်ကြရင်း ၂၀၀၈ ခုနှစ်မှာ သူငယ်ချင်းတွေဖြစ်လာကြပြီး မကြာသေးခင်ကပဲ Selena ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ကို အတူတူကျင်းပခဲ့ကြပါသေးတယ်။

Credit – BrightSide