အားလုံးပဲမင်္ဂလာါပနော်။ ဒီတခါမှာတော့ ဘောင်းဘီအရှည်လေးတွေနဲ့ ဝတ်လို့ရတဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးပါ။

လိုင်းကားစီးပြီးသွားရတဲ့သူတွေအတွက်က တခါတလေ ဘောင်းဘီအတိုလေးတွေ၊ ဂါဝန်လေးတွေက သိပ်အဆင်မပြေတတ်ပါဘူး။

ဘောင်းဘီအရှည်နဲ့ဆို ဘယ်လိုပဲ သွားသွား အဆင်ပြေပြီး မိုက်နေပါတယ်။

ဒါ့ကြောင့် ဘောင်းဘီအရှည်ကို အထာကျကျလေးနဲ့ မိမိုက်သွားအောင် ဝတ်လို့ရတဲ့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။

စာဖတ်သူတို့အားလုံးမှာလည်း ဘောင်းဘီအရှည်လေးတွေရှိကြမယ်ထင်ပါတယ်။ အရမ်းလည်းမကြပ်၊ အရမ်းလည်းမချောင်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ Fitting ဖြစ်တဲ့ ဘောင်းဘီကို ရွေးချယ်ပါ။

ဒီလိုမှ သွားရလာရ လှုပ်ရှားရတာ အဆင်ပြေမှာပါ။

ဘယ်လိုမျိုးလေးအထာကျကျဝတ်မလဲဆိုတာ ကြည့်လိုက်ရအောင်။

Photo: www.pinterest.com

By: MyStyle Myanmar