ဆောင်းရာသီ ရောက်ခါနီးဆိုရင် ဆောင်းလေ အေးအေးလေးကို ခံစားလာရတတ်ပါတယ်။ ဆောင်းလေမှန်း သင့်စိတ်ထဲကကော၊ သင့်ခန္ဓာကိုယ်ကကော အလိုလို သိနေတတ်ပါတယ်။ ဆောင်းရာသီ ရောက်ပြီဆိုရင်တော့ အသားအရေက အရင်ထက် ခြောက်သွေ့လွယ်တာကို သင်သတိထားမိမှာပါ။ ချမ်းတဲ့ ရက်ဆိုရင်လည်း နွေးနွေးထွေးထွေး ဝတ်ဆင်ဖို့ကလည်း အရေးကြီးလှပါတယ်။
အခုဖော်ပြမယ့် ဖက်ရှင် ဝတ်ဆင်ပုံတွေကတော့- ဂါဝန်ရှည်နဲ့ စကပ်ရှည် ဖက်ရှင် Outfit တွေ ဖြစ်ပါတယ်။ ဒီလို Outfit တွေက ဆောင်းရာသီနဲ့ လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါး ဝတ်နိုင်မယ့် စတိုင်တွေ ဖြစ်ပါတယ်။ သင်က အောက်က ပုံစံလေးတွေ ဝတ်မယ်ဆိုရင် အေးချမ်းတည်ငြိမ်တဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်နေမှာပါ။
အနက်ရောင် ကုတ်ကို အပြင်ထပ် အနေနဲ့ ဝတ်ပြီး ဖိနပ်ကိုပါ အနက်ဝတ်မယ်။
ဖိနပ်ကို ပုံစံမပြောင်းတော့ဘဲ အညိုအပွင့် ဂါဝန်၊ အပြင်ထပ်နဲ့ ပေါ့ပေါ့ပါးပါး
ပန်းရောင် နှစ်သက်သူဆိုရင်တော့ ဂါဝန် ပန်းရောင်လေးကို အပြင်ထပ် ပန်းရောင်လေးနဲ့ တွဲနိုင်ပါတယ်။
ဆောင်းလေတိုက်ပေမယ့် နေပူတဲ့နေ့တွေမှာတော့ ဒီလို ပေါ့ပေါ့ပါးပါး ဝတ်နိုင်ပါတယ်။
အနက်ကို အနီရောင် အတောက် Cardigan လေးနဲ့ တွဲဝတ်မယ်
လည်ပင်းရှည်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် Outfit
အရောင် အနုလေး နှစ်သက်တယ်ဆိုရင် ပုံပါ အတိုင်း ဝတ်ကြည့်သင့်ပါတယ်။
အပေါ်ထပ် အင်္ကျီ အဖျော့ကို စကပ် ပန်းရောင်နဲ့ တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။
ဂါဝန်ရှည် အပြာနုကိုမှ Cardigan အနက်လေးနဲ့ တည်ငြိမ်တဲ့ စတိုင်
ခါးနေရာ အစည်းလေးနဲ့ ဂါဝန်ကို အပြင်ထပ် မပါလည်း ဆောင်းတွင်းမှာ ဝတ်ဆင်နိုင်ပါတယ်။
ဂါဝန်ထဲက ပန်းပွင့်အရောင်နဲ့ တိုက်ကာ အပြင်ထပ်ကိုပါ အရောင်တူလေး စတိုင်ကျကျ ဝတ်ကြမယ်။
အရမ်းအေးတဲ့နေ့တွေမှာတော့ ဆွယ်တာနဲ့ စကပ်ရှည်ကို ဒီလို ဝတ်ကြည့်နိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar