မျက်နှာကိုချယ်သရာမှာ အဓိကအရေးကြီးဆုံးကတော့ မျက်လုံးချယ်သနည်းပဲဖြစ်ပါတယ်။ မျက်လုံး ချယ်သပုံကိုပြောင်းလဲပြီး လူတစ်ယောက်ရဲ့ရုပ်ရည်ဟာလည်း ပြောင်းလဲသွားပါတယ်။ ဒီတခါမှာတော့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံပိုင်ဆိုင်နိုင်ဖို့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အရမ်းလည်း Sexy မဆန်ဘဲ သဘာဝကျကျလှနေမှာမို့ စာဖတ်သူတို့ သဘောကျမှာပါ။

အရင်ဆုံး အပေါ်မျက်ခွံကို အညိုရောင်မျက်ခုံးမွှေးဆွဲတံနဲ့ စပြီးချယ်လိုက်ပါ။

ပြီးရင်မျက်ခွံပေါ်မှာ အညိုရောင် Shadow ကိုချယ်လိုက်ပါ။

ပြီးရင်တော့ အနက်ရောင် Shade ပုံလေးကို အပေါ်မျက်လုံရဲ့ဒေါင့်နားမှာ c ပုံစံလေး ချယ်လိုက်ပါ။

အဲဒီအရောင်ကိုပဲ အောက်မျက်ခမ်းမှာ လိမ်းပေးပါ။

ပြီးရင် အနက်ရောင် eyeshadow ကိုသုံးပြီး သေးငယ်တဲ့ တြိဂံပုံသဏ္ဍန် အပေါ်မျက်ခွံမှာ ချယ်ပေးပါ။

ပိုပြီးပြည့်ဆုံသွားပြီး အနက်ရောင် liner ကိုသုံးပြီး အပေါ်မျက်ခွံမှာ ချယ်ပါ။

ပြီးရင်အဲဒီအနက်ရောင် Liner ကိုပဲ အောက်မျက်ခမ်းမှာ ချယ်ပေးပါ။

ပြီးရင်တော့ Brush အသေးကိုသုံးပြီး အဖြူရောင် Shadow ကို မျက်လုံးအတွင်း ဒေါင့်နားမှာ ချယ်ပေးပါ။ ဒါဆိုမျက်ဝန်းကတောက်ပပြီး ပေါ့ပ်ဆန်ဆန် လှပနေမှာဖြစ်ပါတယ်။

ပြီးရင်တော့ ပေါ်မျက်တောင်နဲ့ အောက်မျက်တောင်ကို မျက်တောင်ကော့ဆေးနဲ့ကော့လိုက်ပါ။