ရာသီဥတုနဲ့အညီ မိတ်ကပ်ပုံစံပြောင်းလဲ လိမ်းခြယ်ရတာမျိုးကိုစိတ်ဝင်စားတဲ့ မိန်းကလေးတွေအတွက် မိုးအကုန် ဆောင်းဦးကာလတွေမှာ ထသွားထလာ လိမ်းချယ်နိုင်မယ့် Autumn မိတ်ကပ်ပြင်နည်းလေးကို မျှဝေပေးချင်ပါတယ်။ လိမ္မော်ရောင်နဲ့ နီညိုရောင်စတဲ့ အရောင်နွေးနွေးလေးတွေပါဝင်တဲ့ Makeup Look ဖြစ်တာကြောင့် အခုလို မပူမအေးတဲ့ ဆောင်းဦးရာသီနဲ့ အရမ်းသင့်တော်တဲ့အပြင် တည်ငြိမ်ပြီးဆွဲဆောင်မှုရှိတဲ့ အလှကိုရရှိစေမှာပါ။

ဒီ Look အတွက် Eyeshadow ခြယ်ခြင်းကအရေးအကြီးဆုံးပါပဲ။ ဒါကြောင့် Skincare, Sunscreen နဲ့ Primer လိမ်းပြီးတဲ့အခါ အညိုရောင် Liquid Eyeshadow တစ်ထပ်ကိုအရင်ဆုံးဆိုးပေးပါ။

ပြီးတဲ့အခါ Eyeliner အညိုနဲ့ နီညိုရောင်ပေါင်းပြီး ခပ်ကော့ကော့လေးပုံဖော်ပေးပါ။ နှစ်ရောင်စပ်ပြီးတဲ့အခါ အပေါ်ဆုံးအထပ်အတွက် Liner ခဲတံလိမ္မော်ရောင်လေးနဲ့ထပ်ဆွဲပေးရပါမယ်။

ပြီးနောက် သူ့အပေါ်မှာ Eyeshadow နီညိုရောင်လေးထပ်သုံးပြီး သေချာ Blend လုပ်ပေးပါ။ ပြီးနောက်မှာ ခုဏက ခဲတံလိမ္မော်ရောင်ကိုပြန်သုံးပြီး မျက်ရစ်တစ်ဝိုက်ခြယ်ပေးရပါမယ်။ ပြီးရင်တော့ Mascara နီညိုရောင်လေးသုံးပေးလိုက်ပါ။


မျက်လုံးခြယ်လို့ပြီးတဲ့အခါမှာ ကိုယ့်အသားအရောင်နဲ့သင့်တော်တဲ့ Foundation ကို Sponge ဒါမှမဟုတ် လက်ချောင်းတွေသုံးပြီး အရမ်းမထူစေဘဲ ခပ်ပါးပါးဖြန့်လိမ်းပေးပါ။

ကိုယ်သုံးထားတဲ့ Foundation အရောင်ထက်မှိန်တဲ့ Concealer တစ်မျိုးကိုအသုံးပြုပြီး မျက်ကွင်းနဲ့ အခြားအနာအဆာတွေကိုဖုံးပေးရပါမယ်။ ဒီလို အရောင်ပိုမှိန်တာကိုသုံးတာက Concealer သက်သက်ဖြူပြီးလင်းနေတာမျိုးမဖြစ်ဘဲ Natural ဆန်တဲ့ Look ကိုရစေပါတယ်။


ပြီးနောက် Setting Powder လိမ်းပေးပြီး Brush အပြားနဲ့ နှာတံခပ်ရေးရေးဖော်ပေးပါ။ ပါးစောင်နဲ့မေးရိုးတစ်လျှောက်ကိုလည်း Brush ကြီးကြီးနဲ့ အနည်းငယ် Contour လုပ်ပေးရပါမယ်။


မျက်ခွံအောက်ပိုင်းရဲ့အရှေ့တစ်ဝက်ကို အပေါ်မျက်ခွံအတိုင်း Orange Liner လေးနဲ့ ခြယ်ပေးပါ။ နောက်တစ်ဝက်ကိုတော့ နီညိုရောင်လေးနဲ့အရောင်စပ်ဆိုးပေးပါ။ ပြီးနောက်အရောင်ပြေပြေလေးနဲ့ ခပ်ကော့ကော့လေးဖြစ်အောင် ဘေးအထိရှည်အောင်ဆွဲပြီး Blend လုပ်ပါ။ ပြီးရင်တော့ အပေါ်မျက်တောင်နည်းတူ Mascara ခြယ်ပေးလိုက်ပါ။


အရောင်မှိန်တဲ့ပါးနီကို မျက်လုံးအောက်နားကနေ ပါးရိုးတစ်လျှောက်ခြယ်ပေးပါ။ ဒါကသင့်ကိုမျက်နှာပိုသွယ်ပုံပေါ်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ပြီးနောက် Hightlighter ဒါမှမဟုတ် Glitter Eyeshadow တွေကိုသုံးပြီး နှာခေါင်းထိပ်နဲ့ မျက်ခုံးအစပ်နေရာတွေကိုခြယ်ပေးရပါမယ်။


နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းနီအတွက် ပန်းရောင်အရင့် Lip Pencil နဲ့ပုံဖော်ပြီးနောက် Lip Stain အနီခပ်ပါးပါးဆိုးပီး Blend လုပ်ပေးပါ။ ပြီးနောက် ပုဇွန်ဆီရောင်ဘက်သန်းတဲ့ Lip Gloss ကိုအပေါ်က ထပ်ဆိုးပေးလိုက်ပါ။


ဒါဆိုရင်တော့ ဆောင်းဦးရာသီနဲ့လိုက်ဖက်ပြီး အရောင်ငြိမ်ငြိမ်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ Makeup ပုံစံလေးကိုရရှိစေမှာဖြစ်ပါတယ်။

Source: Jessica Vu

By MyStyle Myanmar