အားလုံးပဲ မင်္ဂလာပါနော်…. ဖြူဖွေးနူးညံ့တဲ့ ခြေထောက်လေးတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေပြီး တက်ကြွတဲ့ ခြေလှမ်းတွေပဲ ဖြစ်စေတဲ့အတွက် နူးညံ့စိုပြေနေတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်ထားတာက မကောင်းဘူးလား ပျိုမေတို့ရေ။ သင်က ခြေထောက်အသားညိုလို့ စိတ်ညစ်နေတယ်ဆိုရင် ဒီလွယ်ကူရိုးရှင်းတဲ့နည်းလမ်းကို ပြုလုပ်ကြည့်ပါနော်။ တစ်ပတ်နှစ်ခေါက်လောက် ပုံမှန်လုပ်ပေးခြင်းအားဖြင့် လှပစိုပြေတဲ့ ခြေထောက်လေးကို ပိုင်ဆိုင်ကြရအောင်နော်…

ဒီအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

နွားနို့

သံလွင်ဆီ

သံပယိုသီး

 ရေ

သကြား

 Vaseline

နည်းလမ်း

ပထမအဆင့်

ပထမဆုံး နွားနို့၊ သံလွင်ဆီနဲ့ ရေရောထားတဲ့ ခွက်တစ်ခွက်ထဲ ခြေထောက်ကို မိနစ်အနည်းငယ် စိမ်ပေးပါ။


ဒုတိယအဆင့်

Foot Scrub လုပ်ရမှာပါ။ ဒီအတွက် လိုတာတွေကတော့ သကြား၊ သံလွင်ဆီနဲ့ သံပယိုရည်ပါ။ ခြေထောက် တစ်ခါလိမ်းစာ မှန်းခြေနဲ့ ရောပြီး ခြေထောက်ကို Scrub လုပ်ပေးပါ။

တတိယအဆင့်

ရေဆေးချပြီးနောက်မှာတော့ ခြေထောက်ကို ရေခြောက်အောင်သုတ်ပါ။ ပြီးရင်တော့ Vaseline နဲ့ အစိုဓာတ်ထိန်းပေးပါ။


နောက်ဆုံးအဆင့်

ခြေထောက်အစိုဓာတ်ရဖို့ ခြေအိတ်စွပ်ပေးပါ။