ဘယ်သူမှတော့ ဝမ်းမနည်းချင်ပါဘူး။ ပျော်ပဲပျော်ချင်ကြတာပါ။ ဒါပေမယ့် ဘဝမှာ အကြောင်းတစ်စုံတစ်ရာကြောင့်တော့ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေကတော့ မလွဲမသေရှိလာမှာပါပဲ။ ဒီလိုအရာတွေနဲ့ကြုံလာလည်း ကိုယ်ကိုယ်တိုင်က ဝမ်းမနည်းမိအောင် နေတတ်ဖို့ပဲလိုပါတယ်။ ဒါကြောင့် သင့်ဘဝမှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဝမ်းမနည်းမိအောင် ဘယ်လိုနေရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်နော်။

အပြင်သွားပါ

အပြင်လျှောက်သွားပြီး ပျော်စရာတွေဖန်တီးလိုက်တာက ဝမ်းမနည်းမိအောင် ကိုယ့်ကိုယ်ကိုထိန်းနိုင်တဲ့ နည်းလမ်းပါပဲ။ အပြင်သွားနေတဲ့အချိန်ဆို စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေလည်း ခေါင်းထဲကထွက်သွားမှာပါ။

သင်ချစ်တဲ့သူတွေနဲ့ အချိန်တွေကုန်ဆုံးပါ

ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူရှိနေချိန်တွေဟာ အရမ်းပျော်စရာကောင်းပြီး အားတစ်ခုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် သင်ချစ်တဲ့သူတွေနဲ့ အချိန်တွေကုန်ဆုံးလိုက်တာဟာ ဝမ်းမနည်းမိအောင်နေတဲ့ နည်းလမ်းတစ်မျိုးပါပဲ။

ခွေး (သို့) ကြောင်မွေးပါ

ခွေးချစ်တတ်တဲ့သူဆိုရင် ခွေးမွေးပါ။ ကြောင်ချစ်တတ်တဲ့သူဆိုရင် ကြောင်မွေးပါ။ သူတို့လေးတွေက အမောပြေစေပြီး ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်။

ကြိုက်နှစ်သက်တဲ့အစားအသောက်တွေစားပါ

ကိုယ်ကြိုက်တဲ့အစားအသောက်တွေ စားနေရတဲ့အချိန်က အပျော်ဆုံးအချိန်ပါပဲ။ အစားအသောက်တွေက သင့်ကို ဝမ်းမနည်းမိအောင် ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်တာဟာ စိတ်တည်ငြိမ်စေပါတယ်။ ဒါ့အပြင် တခြားကိုလည်း စိတ်မရောက်၊ တခြားအရာတွေလည်း လျှောက်မတွေးမိတော့ဘူး။ ဒါကြောင့် စာအုပ်ဖတ်တာဟာ ဝမ်းနည်းမှုတွေကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

အိမ်မှုကိစ္စတွေလုပ်ပါ

အိမ်ရှင်းတာမျိုး၊ အိမ်အပြင်အဆင်ပြောင်းလဲပစ်တာမျိုးတွေကို လုပ်ပေးမယ်ဆိုရင်တော့ စိတ်က တခြားအရာတွေကို လျှောက်မတွေးမိတော့ပါဘူး။ ဝမ်းမနည်းအောင်ထိန်းတဲ့နည်းတစ်မျိုးပဲပေါ့။

သင်ဝါသနာပါတဲ့အရာကိုလုပ်ပါ

ပန်းချီဆွဲတာဝါသနာပါရင် ပန်းချီဆွဲတာမျိုးပေါ့ ကိုယ်ဝါသနာပါတာကိုလုပ်နေရရင် စိတ်တည်ငြိမ်ပြီး တစ်နေရာထဲကိုပဲ အာရုံစူးစိုက်မိနေတဲ့အတွက် ဝမ်းနည်းစရာကို မတွေးမိတော့ဘူး။