မိန်းကလေးတွေလောက် အလှအပကိုထိန်းသိမ်းတတ်တာလည်း မိန်းကလေးတွေပါပဲ။ ငွေကုန်ကြေးကျတွေဘယ်လောက်ခံပြီးပဲ ပြင်ဆင်မှုတွေလုပ်လုပ် ဆံသားတွေကကောင်းလာတာမျိုး မရှိနေဘူးဆိုရင်တော့ သေချာပြန်ပြီးတော့ စဉ်းစားကြည့်သင့်ပါပြီ။ ဆံပင်ဆိုတာလူတစ်ယောက်အတွက် အရေးကြီးတဲ့အစိတ်အပိုင်းလို့လည်း ဆိုလိုရတာကြောင့် ကြည့်ရဆိုးတဲ့ဆံသားတွေကို မပိုင်ဆိုင်ရစေဖို့အတွက် လိုက်နာသင့်တာတွေကိုလိုက်နာပြီး ဆင်ခြင်လိုက်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ဆံသားတွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

ရေစိုနေတဲ့အချိန်မှာခေါင်းဖီးတတ်တာမျိုးက လူတိုင်းလုပ်မိနေတဲ့ မှားယွင်းမှုလို့ဆိုလို့ရပါတယ်။ ခေါင်းလေ ျှာ်ပြီးလို့ ရေစိုနေတဲ့အချိန်မှာ ခေါင်းဖီးတာမျိုးက ဆံသားတွေကိုပျက်စီးစေဖို့ အခွင့်အရေးတွေပိုပြီးတော့ များနေစေတာကြောင့် ခေါင်းလျှော်လို့ ရေစိုနေတဲ့အချိန်တွေမှာ ခေါင်းဖီးတာမျိုးတွေကို ဆင်ခြင်သင့်ပါတယ်နော်။

Source: Makeup & Beauty Reviews

မကောင်းတော့တဲ့ ခေါင်းအုံးတွေကို ဆက်ပြီးတော့သုံးနေတာကလည်း ဆံသားတွေကိုပျက်စီးစေဖို့ လုပ်ဆောင်နေသလိုဖြစ်နေစေပါတယ်နော်။ မသန့်ရှင်းတဲ့ခေါင်းအုံးစွပ်တွေက မျက်နှာပေါ်မှာဝက်ခြံတွေကို ဖြစ်စေရုံတင်မကပဲ ဆံသားကိုလည်းညစ်ပတ်ပြီး ပျက်စီးမှုတွေထိဖြစ်လာစေနိုင်ပါတယ်။

အရမ်းပူလွန်းတဲ့ကိရိယာတွေကို သုံးစွဲတာကလည်း ဆံသားတွေအတွက် အန္တရာယ်များလွန်းတဲ့အချက်လို့ဆိုလို့ရတာပေါ့။ ဆံပင်ကိုအမျိုးမျိုးပြင်ဆင်တဲ့အခါမှာ အသုံးပြုတဲ့ကိရိယာတွေက အပူချိန်တွေများပြီး ဆံသားပေါ်မှာတင်လိုက်တဲ့အခါမှာတော့ အပူဒဏ်ကြောင့်ပျက်စီးပြီး ကြာလာတဲ့အခါမှာတော့ ဆံပင်ကျွတ်တာတွေ၊ ဆံသားဖွာလန်နေတာမျိုးတွေထိ ဖြစ်လာစေနိုင်ပါတယ်။

Source:Lifeberrys.com

ရေနွေးနဲ့ခေါင်းလျှော်တတ်တဲ့အကျင့်ကလည်း ဆံသားကိုဂရုစိုက်ချင်တဲ့သူတွေအတွက်တော့ ဆင်ခြင်ဖို့လိုတဲ့အရာပါပဲ။ ရေပူပူလေးနဲ့ရေချိုးတာက ပင်ပန်းမှုတွေကိုပျောက်ကင်းစေတယ်ဆိုပေမယ့်လည်း အသုံးပြုတာများလာတဲ့အခါမှာတော့ အသားအရေခြောက်သွေ့တာတွေကို ဖြစ်လာစေနိုင်တာဆိုတော့ ဆံသားအတွက်ဆိုရင်ပိုလို့တောင် သုံးဖို့ခက်ခဲပါတယ်။ ရေနွေးနဲ့ခေါင်းလျှော်လိုက်တဲ့အခါမှာ ဆံသားမှာရှိသင့်တဲ့ ရေဓာတ်တွေခမ်းခြောက်သွားပြီး ဆံပင်ကျွတ်တာတွေကိုဖြစ်လာစေနိုင်ပါတယ်။

တော်တော်များများ လုပ်မိနေတတ်တဲ့အချက်တွေကြောင့် ဆံသားတွေကပျက်စီးနေရတယ်ဆိုတာကို သေချာမသိပဲ လုပ်မိနေတာတွေကြောင့်ဆိုတာကို မှတ်ထားဖို့လိုပါတယ်။ ဒီလိုအရာတွေကို ဆင်ခြင်လိုက်မယ်ဆိုရင်တော့ ဆံသားပျက်စီးတာတွေလည်း သက်သာလာမှာပဲဖြစ်ပါတယ်။