သွေးလည်ပတ်မှုတွေက တကယ်ရှုပ်ထွေးတဲ့ အရာပါ။ ဒါကြောင့်လည်း လူတွေရဲ့ နှလုံးနဲ့ သွေးအမျိုးအစားတွေကို ဂရုစိုက်ဖို့ လိုအပ်တာပါ။ လူတော်တော်များများဟာ ကိုယ်တွင်းမှာလည်ပတ်နေတဲ့ သွေးတွေအကြောင်းကိုအရမ်းကြီး စိတ်မဝင်စားတာကြောင့် သူတို့အကြောင်း အရမ်းကြီးမသိကြပါဘူး။ ဒီတစ်ခေါက်မှာတော့ လူ့သွေးနဲ့ပတ်သတ်ပြီး သိကောင်းစရာအချက်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့သွေးကို ကုန်ခမ်းသွားတဲ့အထိ စုပ်ယူဖို့ ခြင်ပေါင်း (၁,၁၂၀,၀၀၀) ကောင်ခန့်လိုအပ်ပါတယ်။

သွေးလည်ပတ်ဖို့အတွက် နှလုံးဟာ သွေးကို ပေပေါင်း (၃၀) အထိပန်းထွက်နိုင်တဲ့ ဖိအားမျိုး ဖန်တီးရပါတယ်။

လူတစ်ယောက်ဟာ ခန္ဓာကိုယ်ထဲက သွေး (၄၀) ရာခိုင်နှုန်း ဆုံးရှုံးတာတောင် အသက်ရှင်နေနိုင်ပါတယ်။ သွေးသွင်းထားဖို့တော့ လိုအပ်ပါတယ်။

Photo : Finnish Red Cross Blood Service

အုန်းရေဟာ သွေးရည်ကြည်ကို အစားထိုးနိုင်ပါတယ်။

သွေးအမျိုးအစားတွေဟာ အိမ်ထောင်ကွဲရခြင်းရဲ့ အကြောင်းအရင်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို သိပ္ပံပညာရှင်တွေက ပြောထားကြတယ်။

လက်တွဲခိုင်မာတဲ့ စုံတွဲတွေမှာ အို သွေးအမျိုးအစား အတွေ့များရပြီး အိမ်ထောင်မကြာခဏ ပြိုကွဲလေ့ရှိတဲ့ စုံတွေမှာတော့ အေ+အေဘီ (သို့) အေ+အို အမျိုးအစားတွေကိုတွေ့ရလေ့ရှိကြောင်း တွေ့ရှိထားပါတယ်။

Photo : BAOMOI.COM

သွေးအမျိုးအစားဟာ ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အိုသွေးအမျိုးအစားတွေဟာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လေ့ဖြစ်ထ မရှိပေမယ့် အဝလွန်ရောဂါ (သို့) အရေပြားဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေ များပြားပါတယ်။

အေ သွေးပိုင်ရှင်တွေကတော့ သွေးတွင်း cholesterol ပမာဏကို ဂရုစိုက်သင့်ပါတယ်။ သူတို့ဟာ နှလုံးနှင့်ဆိုင်သော ရောဂါတွေ ဖြစ်နိုင်ခြေ မြင့်မားကြပါတယ်။

ဘီသွေးပိုင်ရှင်တွေကတော့ ဆီးချိုနဲ့ပန်ကရိယ ကင်ဆာဖြစ်နိုင်ခြေ ရှိတာကို သတိပြုရပါမယ်။

Photo : Live Science

အေဘီ သွေးပိုင်ရှင်တွေဟာ အခြားလူတွေထက် အမြင်အာရုံချွတ်ယွင်းနိုင်ခြေ (၈၂) ရာခိုင်နှုန်း ခန့်ပိုများတာကြောင့် မှတ်ဉာဏ်နှင့်အာရုံပိုင်းဆိုင်ရာတွေကို အထူးသတိပြုရပါမယ်။

အားကစားတွေထဲမှာ အိုသွေးပိုင်ရှင်တွေက ပိုပြီးအမောခံနိုင်ရည်ရှိကြောင်း လေ့လာသူတွေက တွေ့ရှိထားပါတယ်။