ပျိုမေတို့အားလုံးမင်္ဂလာပါ။ သန့်ရှင်းကြည်လင်ပြီး စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ အခြေခံအဆင့်က မျက်နှာသစ်တာပါ။ ကိုယ်ပုံမှန်လုပ်နေကျ မျက်နှာဆေးကြောတဲ့ အဆင့်ကို မှန်မှန်ကန်ကန်လုပ်ရုံနဲ့ Glow Look ကိုပိုင်ဆိုင်ဖို့ အကူအညီဖြစ်နိုင်ပါတယ်။ နည်းလမ်းကတော့ ဒီလိုပါ။

၁။ အရင်ဆုံး ဆံပင်တွေ မျက်နှာနဲ့ လာမထိဖို့ စည်းပေးထားရပါမယ်။

၂။ သုံးနေကျ မျက်နှာသစ်ဆေးကို လက်နှစ်ဖက်ပေါ် တင်ပေးရပါမယ်။

၃။ ဒီတင်ထားတဲ့နှစ်ခုကို လက်ပေါ်မှာ အမြှုပ်အနည်းငယ်ထွက်အောင် ပွတ်ပေးရပါမယ်။

၄။ ဒါကို မျက်နှာမှာ စက်ဝိုင်းပုံစံ ပွတ်ပေးရပါမယ်။

၅။ ဆားဝက်ခြံတွေရှိတဲ့နေရာ၊ အဖုတွေရှိတဲ့နေရာပေါ် သာမန်ပွတ်နေကျထက် နှစ်ကြိမ်ပွတ်ပေးရပါမယ်။

၆။ စက်ဝိုင်းပုံစံ စက္ကန့် ၆၀ ပွတ်ပေးရပါမယ်။

၇။ မျက်နှာသစ်ဆေးကိုမျက်နှာပေါ်က ဖယ်ရှားတဲ့အခါ ရေနွေးနွေးလေးနဲ့ ဖယ်ပေးရပါမယ်။

၈။ နောက်ဆုံး ရေအေးနဲ့ အပြီးသတ် ဆေးရပါမယ်။

၉။ မျက်နှာသုတ်ပဝါနဲ့ မဟုတ်ဘဲ လေနဲ့ ခြောက်သွားအောင် စောင့်နိုင်သလို သန့်ရှင်းတဲ့ Face Towel တစ်ထည်နဲ့ မျက်နှာသုတ်ပေးနိုင်ပါတယ်။

၁၀။ နောက်ဆုံးအဆင့်အနေနဲ့ အစိုဓာတ်ထိန်းဖို့ Mist ဖြန်းပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar