အခုခေတ်လို စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ ခေတ်ကြီးထဲမှာ Skin Care လုပ်ဖို့အတွက် သပ်သပ် အချိန်မပေးနိုင်ကြပါဘူး။ မျက်နှာသစ်မယ် ၊ ဟိုနည်းနည်း ဒီနည်းနည်းပွတ်ပြီး မိတ်ကပ်လိမ်းမယ် ဒီလောက်ပဲ လုပ်ဖြစ်ကြပါတယ်။

ဒါပေမယ့် ကိုယ့်မျက်နှာက ဖြစ်ချင်သလိုဖြစ်ဆိုပြီး ပစ်ထားလို့မရတာမို့ ကိုယ့်မျက်နှာကို ကိုယ်တကယ် အလေးထားရင် ဆောင်ထားသင့်တဲ့ ပစ္စည်းလေးတွေအကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) မျက်နှာသစ်‌ဆေး

မျက်နှာသစ်ဆေးဆိုတဲ့အတိုင်း မျက်နှာမှာရှိတဲ့ မွေးညင်းပေါက်တွေက အညစ်အကြေးတွေ ဖယ်ရှားပေးပြီး အစိုဓါတ် ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တော့မယ်ဆိုရင် အများဆုံး တစ်ရက် ၂ ကြိမ်ထက် မသုံးပါနဲ့။ အသားအရေတွေ တွန့်လာနိုင်လို့ ဖြစ်ပါတယ်။

(၂) အစိုထိန်းခရမ်

Moisturizer ဝယ်မယ်ဆိုရင် ဝက်ခြံမဖြစ်စေနိုင်တဲ့ Non-Comedogenic ပါတာမျိုး ရွေးပါ။ Moisturizer မှာ မနက်ခင်းနဲ့ ညနေခင်းသုံးဆိုပြီး ရှိပါတယ်။ မနက်ခင်းသုံးမှာ အန္တရာယ်ရှိ နေရောင်တွေကနေ ကာကွယ်ပေးနိုင်တဲ့ SPF 30 ပါရှိပါတယ်။ ညဘက်သုံးကတော့ အစိုဓါတ် ထိန်းညှိပေးဖို့အတွက် သုံးတာ ဖြစ်ပါတယ်။

(၃) Facial Scrub

လူ့အရေပြားမှာ မြင်ရတဲ့ အညစ်အကြေးတွေနဲ့ ပိတ်ဆို့ပြီး ညစ်ထေးနေတတ်ပါတယ်။ မွေးညင်းပေါက်တွေမှာ ချေးညှော်တွေနဲ့ ပိတ်နေတတ်တာကြောင့် တစ်ပတ်ကို သုံးခါလောက် မျက်နှာချေးချွတ်တာမျိုး လုပ်ပေးသင့်ပါတယ်။

(၄) Eye Cream

အများစု အသုံးနည်းတဲ့ Facial Care ထုတ်ကုန်ပါ။ မျက်လုံးတစ်ဝိုက်ဆိုတာ မျက်နှာမှာအားအနည်းဆုံးနေရာ ဖြစ်ပြီး ကော်လာဂျင်ထုတ်ပေးမှုလည်း နည်းပါတယ်။ ဒါကြောင့် မျက်လုံးတစ်ဝိုက် အရေတွန့်တာတွေ အရင်ဖြစ်လာတတ်ပါတယ်။ Eye Cream က ရေဓါတ်ဖြည့်ပေးတဲ့အပြင် ကော်လာဂျင်ထုတ်မှုလည်း ပိုမြှင့်ပေးနိုင်ပါတယ်။

(၅) Facial Mask

Facial Mask တွေလည်း အလွယ် ဝယ်သုံးလို့ ရပါတယ်။ အသားအရေစိုပြေဖို့နဲ့ မျက်နှာက အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် သုံးတာ ဖြစ်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ် သုံးနိုင်ပါတယ်။