မေးစေ့အောက်က ဆားဝက်ခြံတွေက မြင်နေရတာနဲ့တင် တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီဆားဝက်ခြံတွေက အသားအရေ စိုပြေတောက်ပခြင်းဆိုတဲ့ သင့်အိပ်မက်ကို ဖျက်ဆီးပစ်သလိုပါပဲ။
ဒီဆားဝက်ခြံတွေကို အိမ်မှာပဲ ဖယ်ရှားပစ်နိုင်တဲ့ Face Mask အမျိုးအစားတွေကိုကြည့်လိုက်ရအောင်နော်-
၁။ Clay Mask
ဆားဝက်ခြံရှိတဲ့နေရာကို Clay Mask တင်ပေးသင့်ပါတယ်။ ခြောက်တဲ့အထိ စောင့်ပြီး ရေဆေးချပေးပါ။
၂။ ပျားရည်နဲ့ သစ်ကြမ်းခေါက်မှုန့်
သစ်ကြမ်းခေါက်မှုန့် လဘရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်းဆီရောပေးပါ။ ဒီအရောထဲ ဝါဂွမ်းနှစ်ပြီးနောက် မေးစေ့ပေါ် လိမ်းပေးပါ။ မိနစ် ၂၀ တင်ပြီးနောက် ရေဆေးချနိုင်ပါပြီ။
၃။ သံပယိုရည်
သံပယိုရည်က ဆားဝက်ခြံကို ဖယ်ရှားပေးပြီး အမည်းစက်ကိုလည်း ကာကွယ်ပေးပါတယ်။ သံပယိုရည်ကို ဝါဂွမ်းထဲ ညှစ်ပြီးဆားဝက်ခြံပေါ် ပွတ်ပေးပါ။ အရည်ခြောက်သွားတာနဲ့ ထပ်ယူပြီး ထပ်ပွတ်ပေးပါ။ ဒီလိုမျိုး ၃ ခါကနေ ၄ ခါလုပ်ပြီး ရေဆေးချပေးပါ။
၄။ ပူစီနံရွက်နဲ့ ရှာလကာရည်
ချေထားတဲ့ ပူစီနံရွက် ၅ ရွက်ကနေ ၆ ရွက်ယူပေးပါ။ ရှာလကာရည် လဘရည်ဇွန်း တစ်ဇွန်းထပ်ထည့်ပြီး အနှစ်ရအောင် မွှေပေးပါ။ ဒီအနှစ်ကို ရေတစ်ခွက်ထဲ ရောပြီး ပုလင်းတစ်ပုလင်းထဲ ထည့်ပေးပါ။ ဆားဝက်ခြံဖြစ်တဲ့နေရာကို သုတ်လိမ်းပေးပါ။
၅။ ကြက်ဥအကာ
ဒီနည်းလမ်းအတွက် ကြက်ဥအကာနဲ့ တစ်ရှူးလိုအပ်ပါတယ်။ မျက်နှာကို သေချာသစ်ပေးပါ။ ပြီးနောက် ဆားဝက်ခြံဖြစ်တဲ့နေရာပေါ် တစ်ရှူးတင်ပြီး ဒီတစ်ရှူးပေါ်မှာပဲ ကြက်ဥအကာကို ထပ်သုတ်ပေးပါ။ ကြက်ဥအကာကို နှစ်လွှာစာတင်ပေးပါ။ ခြောက်တဲ့အခါ ပြန်ခွာနိုင်ပါပြီ။
၆။ မုန့်ဖုတ်ဆိုဒါ နဲ့ ရေ
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့အတူ ရေကိုရောပေးပါ။ သင့်မေးစေ့ပေါ် ဒါကို လိမ်းပေးပြီး ၁၀ မိနစ်ထားပေးပါ။
Photo Source: Pinterest
By MyStyle Myanmar