ဒီတစ်ခါမှာတော့ ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် မျက်နှာအနေအထားပုံစံလေးနဲ့ ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင် ဘယ်လိုနေရမလဲ၊ ဘယ်လိုပို့စ်ပေးရမလဲ မသိတဲ့သူတွေအတွက်လည်း အရမ်းအသုံးဝင်မှာပါ။

မိန်းကလေးဆန်ဆန်လေး ဝတ်စားထားပြီး ပြင်ဆင်ထားတဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ မျက်နှာလေး နည်းနည်းမော့ထားမယ်ဆိုရင် မျက်နှာထားကို ပြုံးနေတာထက် ဒီလိုလေးနေတာက ပိုလှပါတယ်။

ဒီပို့စ်လေးဆိုလည်း မျက်နှာထားရော ပို့စ်အနေအထားရော အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဆံပင်သပ်နေတဲ့ ဒီလိုပုံစံလေး ပို့စ်ပေးမယ်ဆိုရင် ကင်မရာကိုမကြည့်ပဲ တစ်ဖက်ကိုကြည့်နေတဲ့ပုံလေး ပို့စ်ပေးတာက ပိုလှပါတယ်။

တစ်နေရာရာကို ခေါင်းမှီပြီး ပို့စ်ပေးတဲ့အခါ မျက်နှာအနေအထားကအစ ဒီပုံလေးအတိုင်း try ကြည့်ပါ။ ချစ်ဖို့လည်းကောင်းသလို ဆွဲဆောင်မှုလည်း ရှိပါတယ်။

Cute type လေးတွေလုပ်ပြီး ရိုက်ချင်တဲ့အခါမှာတော့ ဒီပို့စ်လေးက ချစ်ဖို့အကောင်းဆုံးပါပဲ။

ထိုင်ပြီးရိုက်တဲ့အခါ ဒီပို့စ်လေးကတော့ ဆွဲဆောင်မှုရှိပြီး လှပါတယ်။ ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်း မသိတဲ့သူတွေအတွက်လည်း အဆင်ပြေမယ့် ပို့စ်လေးပါ။

ချစ်ဖို့ကောင်းတဲ့ပုံစံ ပေါ့ပေါ့ပါးပါးပုံစံလေးတွေ ရိုက်ချင်တဲ့အခါမှာတော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။

ထိုင်တဲ့ပုံစံက ရိုးရိုးလေးပါပဲ၊ လက်အနေအထားနဲ့ မျက်နှာအနေအထားကိုပဲ သေချာလေး ပို့စ်ပေးလိုက်ရင် အရမ်းလှတဲ့ပုံလေးရစေမယ့် ပို့စ်ဖြစ်ပါတယ်။

မြက်ခင်းမှာပဲဖြစ်ဖြစ်၊ ကြမ်းပြင်မှာပဲဖြစ်ဖြစ် ထိုင်ရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်လေးပါ။ ကင်မရာမကြည့်ချင်တဲ့သူတွေအတွက်လည်း ဒီမျက်နှာထားလေးက အရမ်းအဆင်ပြေတယ်နော်။

လှေကားမှာထိုင်ရိုက်တဲ့အခါမှာ ဒီပို့စ်လေးက လှပါတယ်။ လက်ဘယ်နားထားရမှန်းမသိရင် ဒီလိုလေးသာ ပို့စ်ပေးလိုက်နော်။