ဆံပင်ဆိုးထားတဲ့ ကောင်မလေးတွေအတွက် တည်ငြိမ်ပြီးလှပတဲ့ ဆံပင်ပြင်ဆင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ အရမ်းလှတဲ့ပုံစံလေးတွေဖြစ်တာကြောင့် မိန်းကလေးတိုင်း သဘောကျမယ်လို့ ထင်ပါတယ်။

ဆံပင်အရောင်နဲ့ကောင်မလေးတွေက ဆံထုံးထုံးထားရင် အရမ်းလူကြီးမဆန်ပါဘူး။ တည်ငြိမ်ပြီးတော့ လှတဲ့ပုံစံမျိုးလေး ဖြစ်စေပါတယ်။

ဆံထုံးကိုမှ ဒီလိုကြိုးလေးသုံးပြီး၊ ဖဲပြားလေးနဲ့ ထုံးမယ်ဆိုရင်တော့ ကပိုကယိုလေးနဲ့ တည်ငြိမ်ပြီး အရမ်းကိုလှပါတယ်။

ဆံပင်အရောင်လေးနဲ့ ရိုးရိုးတစ်ဝက်စည်းတာမျိုးမဟုတ်ပဲ ဒီလိုလေး ဆံပင်တစ်ဝက်ကို ထုံးတာမျိုးလေးကလည်း တည်ငြိမ်ပြီးလှတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါပဲ။

ဆံပင်ကို ဒီတိုင်းစည်းတာမျိုးမဟုတ်ပဲ ဒီလိုလေးပြင်ပြီးစည်းရင် ကယိုကယိုလေးနဲ့ တည်ငြိမ်ပြီး လှတဲ့ပုံစံလေး ဖြစ်စေပါတယ်။

ဆံပင်အရောင်လည်းဆိုးထားတယ်၊ ဆံပင်လည်းရှည်တယ်ဆိုရင် ဒီပုံစံလေးပြင်တာက အထာကျကျလေးနဲ့ တည်ငြိမ်တဲ့ပုံစံလေး ဖြစ်စေပါတယ်။

ကပိုကယိုလေးနဲ့ တည်ငြိမ်ပြီးလှတဲ့ ပုံစံမျိုးလေးဖြစ်အောင် ဆံပင်စည်းချင်တာဆိုရင် ပုဝါ (သို့) ခေါင်းစည်းကြိုးအရှည်လေးနဲ့ ဒီလိုစည်းကြည့်ပါ။

ဆံပင်အဖြောင့်အရှည်ကြီးဆိုရင် ဒီလိုလေးစည်းကြည့်ပါ။ အရောင်ဆိုးထားတဲ့ဆံပင်ဆိုရင် တည်ငြိမ်ပြီးမိုက်တဲ့ ပုံစံလေး ဖြစ်စေပါတယ်။

ဆံပင်အရောင်နဲ့ကိုမှ ဆံပင်ကအရှည်ကြီးဆိုရင် ကျစ်ဆံမြီးကို ဒါမျိုးလေးကျစ်ကြည့်ပါ။ တည်ငြိမ်ပြီးမိုက်တဲ့ ပုံစံလေးပါပဲ။

တည်ငြိမ်ပြီး ကယိုကယိုနဲ့လှတဲ့ ပုံစံလေးဆိုရင်တော့ ကျစ်ဆံမြီးကို ဒါမျိုးလေးကျစ်ကြည့်ပါ။

Photo source:www.pinterest.com