အချစ်ရေးတစ်ခုမှာ လက်တွဲခါစ အချိန်လေးက ရင်ခုန်ဖို့ကောင်းပါတယ်။ သူက ကိုယ့်အကြောင်းတွေး၊ ကိုယ့်အကြောင်းလည်း သူတွေးနေတယ်လို့ စိတ်ထဲ သိနေတဲ့ အရသာလေးက ဘာနဲ့မှ မလဲနိုင်ပါဘူး။ သင်က သူ့ကို အမှတ်တရနေ့တွေမှာ လက်ဆောင်ပေးချင်တယ်.. ဘာပေးရမှန်း မသိဘူးဆိုရင်တော့ ဒီအရာတွေကို ပေးနိုင်ပါတယ်။

၁။ ချော့ကလက်

အရည်အသွေးကောင်းတဲ့ ချော့ကလက် တံဆိပ်ထဲက ရွေးဝယ်ပြီး သင့်ကောင်လေးကို ပေးသင့်ပါတယ်။ ချော့ကလက်က အရွယ်မရွေး သင့်တော်တဲ့ ချစ်သက်လက်ဆောင်ပါပဲ။

၂။ ကိုယ့်စိတ်ကူးနဲ့ လုပ်ထားတဲ့လက်ဆောင်တစ်ခု

သင့်ကောင်လေး ကြိုက်တတ်တဲ့အရာတွေ၊ စိတ်ဝင်စားတဲ့အရာတစ်ခုကို ကိုယ့်စိတ်ကူးနဲ့ ကွန့်မြူးပြီး လက်ဆောင်လုပ်ပေးနိုင်ပါတယ်။

၃။ စာအုပ်

သူဖတ်ဖို့အတွက် စာအုပ်ဝယ်ပေးတာကလည်း ရင့်ကျက်တဲ့ အချစ်လက်ဆောင်တစ်မျိုးပါပဲ။

၄။ ညစာ လိုက်ကျွေးပါ

ချစ်သူစုံတွဲတစ်ခုမှာ ယောကျာ်းလေးက အမြဲရှင်းပေးရတာမျိုးမဟုတ်ဘဲ သင့်ဘက်က စပြီး သူ့ကို ညစာလိုက်ကျွေးကြည့်ပါ။ သူအံ့သြပြီး ပျော်သွားပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar