လူတစ်ယောက်အတွက် တစ်ပတ်မှာ အနည်းဆုံး ပိတ်ရက် တစ်ရက်လောက်တော့ရှိသင့်ပါတယ်။ အနားယူပေးမှ တီထွင်နိုင်တဲ့စိတ်ကူးသစ်တွေ၊ အတွေးဉာဏ်တွေ ထွက်လာတတ်ပါတယ်။ ဦးနှောက်ကို အနားပေးရာရောက်တာကြောင့် နောက်နေ့ အလုပ်တွေပိုလုပ်ဖို့ အားဖြည့်ပေးသလိုပါပဲ။ သင်က ပိတ်ရက်ကို အကောင်းဆုံးဖြတ်သန်းချင်ရင်တော့ ဒီနည်းတွေပြုလုပ်နိုင်ပါတယ်။

၁။ လှုပ်လှုပ်ရှားရှားနေပါ

ခဏတဖြုတ်လမ်းလျှောက်ပေးတာ၊ အပြင်ကို လေကောင်းလေသန့်ထွက်ရှူတာ စသဖြင့် ပြုလုပ်သင့်ပါတယ်။ ပိတ်ရက်ဆိုပြီး တစ်နေ့လုံး အိပ်မနေသင့်ပါဘူး။

၂။ နှိပ်နယ်ပေးပါ

ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်မျက်နှာအသားအရေတွေ ပြေလျော့ပြီး အမောပြေဖို့ နှိပ်နယ်ပေးသင့်ပါတယ်။

၃။ အသက်ရှူတာကို အာရုံစိုက်ပေးပါ

ပိတ်ရက်မှာ တရားထိုင်တာကိုပါ ထည့်လုပ်သင့်ပါတယ်။ အသက်ရှူတာကို အာရုံစိုက်ပေးတာက ကိုယ့်ကို ပိုပျော်ရွှင်စေပါတယ်။

၄။ ရေများများသောက်ပါ

ပိတ်ရက်မှာ ရေဓာတ်ပြည့်နေစေဖို့ ရေကို နဂိုထက် ပိုသောက်ပေးသင့်ပါတယ်။ ရေမသောက်ချင်ဘူးဆိုရင် Detox Water ကို ပိတ်ရက်မှာ သောက်သင့်ပါတယ်။

၅။ အစိမ်းရောင် အရွက်တွေများများစားပါ

အဆီနဲ့ အရွက်မှာဆိုရင် အရွက်စားပေးတဲ့နေ့တွေ ပိုနေလို့ထိုင်လို့ကောင်းတာ သတိထားမိပါလိမ့်မယ်။ ပိတ်ရက်မှာ ကိုယ်စားချင်တာ စားနိုင်သလို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပါ စားသင့်ပါတယ်။

၆။ တစ်ရေးတမောအိပ်ပါ

Photo Source: Pinterest

ပိတ်ရက် နေ့လည်ခင်းမှာ ၁၅ မိနစ်ကနေ နာရီဝက်လောက် အိပ်ပေးတာက သင့်ကို ပိုလန်းဆန်းနေစေမှာပါ။

Source: Allwomenstalk

By MyStyle Myanmar