သံပယိုရည်က အခုနောက်ပိုင်း ပျိုမေတို့ကြား ရေပန်းစားလာတဲ့ ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။ သံပယိုရည်ကဈေးသက်သာတယ်ဆိုပေမယ့် ပြန်ရလာတဲ့ အကျိုးကျေးဇူးတွေကတော့ မနည်းမနောပါပဲ။ သင့်အနေနဲ့လည်းမနက်ဖြန်ကစပြီး ရေနွေးနွေးထဲ သံပယိုရည်လေး ညှစ်ပြီး မဖြစ်မနေ စသောက်သင့်ပါတယ်။ ဘာလို့စသောက်သင့်တာလဲဆိုတော့-

၁။ အစာကြေစေတယ်

သင့်ဆီမှာ အစာမကြေတဲ့ ပြဿနာ မရှိရင်တောင် သံပယိုရည် သောက်သင့်ပါတယ်။ သံပယိုရည်မှာပါတဲ့ Citric Acid က အစာချေစနေ ကို အားပေးတဲ့ Gastric Acid ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်​။ သံပယိုရည် ကြောင့် သင်တစ်နေ့တာ စားမယ့် အစားအသောက်တွေ အတွက် ခန္ဓာကိုယ်ကို အသင့်ပြင်ပြီးသား ဖြစ်စေပါတယ်​။

၂။ အသည်းအတွက် ကောင်းတယ်

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အသည်းအတွက် အသင့်တော်ဆုံး အရာတွေထဲမှာ သံပယိုရည် ပါဝင်ပါတယ်။အသည်းလုပ်ဆောင်မှုကို ပိုအားကောင်းစေပါတယ်။

၃။ ဇီဝဖြစ်စဉ် မြန်စေတယ်

သင့်ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းမှုနဲ့ ဇီဝဖြစ်စဉ်က တိုက်ရိုက်ပတ်သက်နေပါတယ်။ သံပယိုရည်က နားနေတဲ့အချိန်မှာတောင် ကယ်လိုရီလောင်ကျွမ်းမှု မြန်စေပါတယ်​။ ဒါကြောင့် ဝိတ်ချနေသူတွေအတွက် သံပယိုရည်ကသင့်တော်ပါတယ်။

၄။ Immune တက်စေတယ်

သံပယိုရည်မှာ ပါဝင်တဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ထဲ ကူးစက်ရောဂါတွေ မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။အအေးမိ၊ဖျားနာ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ သင့်အသားအရေကို ကြည်လင်စေတယ်

သံပယိုရည်ထဲက Vitamin C က အက်တီအောက်ဆီးဒင့် ဓာတ်မို့ အသားအရေကို ပျက်စီးစေတဲ့ Radical တွေကိုတိုက်ထုတ်ပေးပြီး အသားအရေ ကြည်လင်စေပါတယ်။

၆။ ခွန်အားပေးတယ်

သံပယိုရည်က နေ့တစ်နေ့ကို အားအင်အပြည့်နဲ့ ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေ ပေးပါတယ်။ သင့်ကို စိတ်လန်းဆန်းစေပြီး သံပယိုသီးရဲ့ အနံ့က စိတ်ဖိစီးမှု လျော့ကျစေပါတယ်။

၇။ ခံတွင်းနံ့ကောင်းစေတယ်

မနက်ပိုင်းမှာ ခံတွင်းအနံ့ဆိုးတွေ ပျောက်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြယ်စေဖို့အတွက် သံပယိုရည်က ကူညီပေးပါလိမ့်မယ်။

၈။ ခန္ဓာကိုယ် တစ်ကိုယ်လုံးစာအတွက် ကောင်းတယ်

သံပယိုရည်က ဝိတ်ကျစေတဲ့အပြင် Immune တက်စေသလို ကျောက်ကပ်ကျန်းမာရေး အတွက်လည်း ကောင်းပါတယ်။ တစ်ကိုယ်လုံးစာ ကျန်းမာရေးအတွက် သံပယိုရည်က ထောက်ပံ့ပေးပါလိမ့်မယ်။

Photo source: Pinterest

By MyStyle Myanmar