အရပ်ပုတဲ့ ကောင်မလေးတွေအတွက် ဖက်ရှင်ဝတ်ဆင်နည်းတွေက လှည့်ကွက်တွေ၊ ပညာရပ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ဝတ်သင့်တဲ့ ပုံစံရှိသလို မရွေးသင့်တဲ့ ပုံစံတွေလည်း ရှိပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ပါပဲ။ သင့်ကိုယ်သင် အရပ်သိပ်မရှည်လို့ အားငယ်မနေဘဲ ယုံကြည်မှုကိုသာ ထိပ်ဆုံးတင်ထားပါ။ ဒီလိုဆိုရင် ဘာဝတ်ဝတ်လှနေမှာပါ။ ဒီတစ်ခေါက်မှာတော့ အရပ်ပုတဲ့ ချစ်စရာကောင်မလေးတွေအတွက် သိထားသင့်တဲ့ ဖက်ရှင် အကြုံပြုချက်တွေကို ဖော်ပြပါရစေ။

၁။ အရောင်တစ်ရောင်တည်းသွားပါ

အရောင်တစ်ရောင်တည်း မဝတ်နိုင်ရင်တောင် အရောင်ဆင်တူတဲ့ပုံစံကို တစ်ကိုယ်လုံးစာ ဆင်သင့်ပါတယ်။ အရောင်တစ်ရောင်တည်း သွားတဲ့ ဖက်ရှင်ပုံစံက အရပ်ရှည်တယ် ထင်ရစေပါတယ်။

၂။ ဒေါက်မြင့်စီးပါ

ဒေါက်မြင့်ဖိနပ်က သင့်ခန္ဓာကိုယ်ကို ပိုသွယ်သွားစေပြီး အရပ်ပိုရှည်သွားစေပါလိမ့်မယ်။

၃။ ခါးရှည်စတိုင်

ခါးရှည်ဘောင်းဘီ၊ စကပ်တွေက ခြေထောက်ပိုရှည်တယ် ထင်ရစေပါတယ်

၄။ ပေါင်တိုဝတ်ပါ

ပေါင်တို ဘောင်းဘီ၊ စကပ်တွေက ခြေတံကို ပိုဖော်ပြရာရောက်ပြီး အရပ်ပုတာကို ဖုံးသွားစေပါတယ်။

၅။ ဘောင်းဘီရွေးချယ်တဲ့အခါ

ဘောင်းဘီကို အောက်ဘက်မှာကားသွားတဲ့ အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ ပွလွန်းတဲ့ ဒဲ့ပွဘောင်းဘီမျိုးကို သတိထားသင့်ပါတယ်။ ဒါ့အပြင် ခြေမျက်စိ အထက် ဘောင်းဘီအရှည်မျိုးကို ရှောင်သင့်ပါတယ်။

၆။ ခါးပတ်ရွေးတဲ့အခါ

ခါးပတ်အနံ သေးတဲ့ ပုံစံတွေက ခန္ဓာကိုယ်ကို ပိုအချိုးအစားကျစေပါတယ်။

၇။ အနက်ရောင်ကို ပိုရွေးပါ

အနက်ရောင်က ပိုပိန်တယ် ထင်ရစေတယ်ဆိုတဲ့စကားကို သင်ကြားဖူးမှာပါ။ ဒါ့အပြင် အနက်ရောင်က အရပ်ပုသူတွေအတွက်လည်း အသင့်တော်ဆုံး အရောင်ပါ။

၈။ အိတ်အကြီးတွေကို ရှောင်ပါ

အရပ်ပုတဲ့ ပျိုမေတို့အနေနဲ့ အိတ်သေးသေးလေးတွေကို ပိုရွေးချယ်သင့်ပါတယ်။

၉။ အစင်းကြောင်း ဒေါင်လိုက်ကို ရွေးပါ

သင်က အစင်းကြောင်း ဝတ်စုံကို ရွေးချယ်သူဆိုရင် ဒေါင်လိုက်သွားတာကို ရွေးသင့်ပါတယ်။

၁၀။ ဖိနပ်ထိပ်အရှည်တွေကို ရွေးပါ

ဖိနပ် ထိပ်အရှည်က အရပ်ပိုမြင့်တယ် ထင်ရစေပါတယ်။ သင်က ဒေါက်မကြိုက်ရင် ထိပ်ချွန်တဲ့ ဖိနပ်လေးတွေက သင့်တော်ပါတယ်။ ဒါ့အပြင် ခြေမျက်စိနားမှာ အပတ်ပါတဲ့ ဖိနပ်မျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

၁၁။ အင်္ကျီလည်ပင်း

အင်္ကျီလည်ပင်းကို V Shape , U Shape သွားတာမျိုးကို ရွေးသင့်ပါတယ်

၁၂။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ

အရပ်ရှည်ရှည်၊ပုပု လူက လူပါပဲ။ သင့်အနေနဲ့ ဘယ်သူ့မှ ကြောက်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိသာ ဝတ်ဆင်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar