ထိုင်းနိုင်ငံက ပြန်လည်ရိုက်ကူးထားတဲ့ “F4 Thailand: Boy Over Flower” ဇာတ်လမ်းတွဲကို ကြည့်ဖူးတဲ့ ဒရမ်မာပရိသတ်တွေကတော့ အဓိကဇာတ်ဆောင်မင်းသမီး “Gorya” နေရာက သရုပ်ဆောင်ထားတဲ့ Tu Tatawan ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ အသက် ၂၁ သာရှိသေးတဲ့ သူမဟာ မကြာသေးခင်ကမှ ပွဲဦးထွက် F4 ဇာတ်လမ်းတွဲနဲ့အတူ အနုပညာလောကထဲ ဝင်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိ GMM အနုပညာကုမ္ပဏီ လက်အောက်မှာ မော်ဒယ်မင်းသမီး တစ်ယောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။


နာမည်အရင်း “Tontawan Tantivejakul” ဖြစ်ပြီး နာမည်အတို “Tu” လို့ခေါ်ကြပါတယ်။ Tu မှာ ထိုင်းအဆိုတော်တစ်ယောက်ဖြစ်တဲ့ ‘Tonhon’ ဆိုတဲ့ အကိုအရင်းတစ်ယောက်ရှိပါတယ်။ သူမဟာ လက်ရှိမှာ Chulalongkorn တက္ကသိုလ်မှာ သွားဆေးအထူးပြုလေ့လာနေတာမို့ အနာဂတ် သွားဆရာဝန်တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။


Kpop သီချင်းတွေ နားထောင်ရတာကြိုက်ပြီး Idol တွေကို အားပေးတဲ့ Fangirl လေးဖြစ်တာမို့ ကိုးရီးယားဘာသာစကားကိုပါ လေ့လာနေသူ ဖြစ်ပါတယ်။ လူကောင်သေးသေးလေးနဲ့ ကလေးလေးလို အပြစ်ကင်းစင်တဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ထားတဲ့ Tu ဟာ လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနဲ့ အထာကျတဲ့ ဖက်ရှင်လေးတွေ ဝတ်လေ့ရှိသူပါ။

သူမရဲ့ ခေတ်နဲ့ညီပြီး ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်လေးတွေက ဆယ်ကျော်သက်လူငယ် ကောင်မလေး တော်တော်များများနဲ့ လိုက်ဖက်စေမှာဖြစ်လို့ ဒီတစ်ခေါက်မှာ ချစ်စရာကောင်းတဲ့ ထိုင်းမင်းသမီးလေး Tu ရဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar